Part-8💚

2.6K 141 46
                                    

Unicode

"Gun Atthaphan ရုံးခန်းထဲကိုလာခဲ့"

ကျောင်းရောက်တာနဲ့ကျောပိုးအိတ်ကိုခုံပေါ်ပစ်တင်ကာအိပ်မယ်လုပ်တော့အတန်းရှေ့ကထွက်လာတဲ့အသံကြောင့်စိတ်ညစ်သွားရပြန်သည်
သေချာတာကတော့မနေ့ကရန်ဖြစ်တဲ့ကိစ္စပဲ
ပြီးရင်လည်းအဖေ့ကိုခေါ်ခဲ့ဖို့ပြောဦးမယ်
မသိတာလည်းမဟုတ်ဘဲနဲ့ခဏခဏခေါ်ခိုင်းနေတာမျို့စိတ်ညစ်မိတာတော့အမှန်

"ရောက်ပြီ"

"မနေ့ကသူတို့ကိုဘာလို့ရိုက်တာလဲ"

ဘေးမှာမျက်နှာရှစ်ခေါက်ချိုးနဲ့ထိုင်နေတဲ့သုံးကောင်ရဲ့မျက်နှာတွေကြည့်ရတာရောင်ဖောင်းနေပြီးတစ်ကယ်ကိုရယ်ချင်စရာ
ဟုတ်တော့လည်းဟုတ်တာပဲလေကိုယ်ကဘာအကြောင်းမှမရှိဘဲဝင်ရိုက်ခဲ့တာကို
သူတို့ဘက်ကသုံးယောက်တစ်ယောက်တောင်ခံရတာညံ့လို့ပေါ့

"ရိုက်ချင်လို့"

"ဘာ....နင့်ကိုဘယ်လိုမှဆုံးမလို့မရတော့ဘူးလား
မိဘကဂုဏ်ရှိပြီးကောင်းသလောက် နင်ကဒီလိုပုံစံပဲနေနေတော့မှာလား
စာကလည်းလိုက်မလုပ် ဒီနှစ်လည်းအကျခံတော့မှာလား"

*ဒေါက်*

စကားနဲ့အတူခေါင်းပေါ်ကိုရောက်လာတဲ့လက်ဆစ်ကြောင့်ပူထူသွားတာနဲ့ ဒေါသကလည်းထောင်းခနဲ

"လက်မပါပါနဲ့ ခေါင်းဆိုတာကျောင်းသားအတွက်အရေးကြီးတယ်လေ ကျွန်တော်စာမေးပွဲကျတာဆရာမတို့ကြောင့်"

"အော် နင်ကသူများခေါင်းကိုကွဲအောင်ရိုက်တော့ကျကောင်းတယ်ပေါ့ဟုတ်လား သေနာလေး နင့်အဖေကိုခေါ်မှရတော့မယ်"

"လာမယ်ထင်ရင်ခေါ်ပေါ့"

"အေးခေါ်ထားတယ် နောက်လထဲပြန်ရောက်မှာဆိုတော့ နင်တော့သေဖို့ပြင်ထား အခုတော့ကျောင်းနားရမယ်"

"ဘာ!! အဖေပြန်လာမှာဟုတ်လား"

"မနက်ကနင့်အကြောင်းဖုန်းဆက်တိုင်တော့နောက်လထဲပြန်လာမယ်ပြောတယ် လကုန်တော့မှာဆိုတော့သိပ်မလိုတော့ဘူး ရန်ဖြစ်တာကြောင့်ကိုယ်တိုင် ခံဝန်ထိုးပြီးကျောင်းတစ်ပတ်နား
ပြီးတော့ဒီမှာအဖြေလွှာ ကိုယ်ဘယ်ဟာကျလဲဆိုတာသေချာကြည့် တစ်နှစ်လည်းမဟုတ် နှစ်နှစ်လည်းမဟုတ် ဒီဘာသာပဲကျနေတာ
လပတ်တိုင်းလည်းကျနေတာ ကျလို့ကိုမပြီးတော့ဘူး"

Sex At 7/11 (completed)Where stories live. Discover now