Unicode
ရေချိုးပြီးအဝတ်ဗီရိုကိုဆွဲဖွင့်ကာအဆင်ပြေမယ့်အဝတ်ကိုရှာရင်း
နောက်ဆုံးမီးခိုးရောင် Coat ကိုပဲရွေးချယ်လိုက်တယ်
ဆံပင်ကိုသပ်သပ်ရပ်ရပ်လှန်တင်ပြီးတော့သွားဖို့အဆင်သင့်ဖြစ်နေပြီ စိတ်တော့လှုပ်ရှားမိသေးတယ်
ဆရာဟောင်းဆိုတဲ့ပုံစံနဲ့သွားရမယ်
ပြီးတော့ Joss ကလည်းလာမှာဆိုတော့အဆင်ပြေပါ့မလားပြီးတော့ Gun ကဆိုင်မှာအဆင်ပြေပါ့မလား
ဖုန်းကိုထုတ်ကာနံပါတ်တစ်ခုကိုခေါ်လိုက်ရင်း"Arm ငါ့ကိုတစ်ခုလောက်ကူညီဦး"
"............."
"Gun ကဆိုင်မှာတစ်ယောက်တည်း မင်းခဏသွားစောင့်ပေး ပွဲကိုလည်းမလိုက်ဘူးဆိုတော့အားတယ်မဟုတ်လား"
Arm ကတော့ မယုံရရင်ဘာလို့အလုပ်ခန့်သေးလဲဆိုပြီး ဒေါသထွက်နေလေရဲ့ မတတ်နိုင်ဘူးကိုယ့်ကလေးကိုစိတ်မှမချတာ
ချစ်လွန်းတယ်ပဲပြောပြော ကဲတယ်ပဲပြောပြော
Arm ကိုတော့နားလည်အောင်ရှင်းပြလို့ရဦးမှာမဟုတ်ဘူး
Gun နဲ့အကြောင်းကိုသူကသိတာမှမဟုတ်တာ"အေးပါကွာ ကျေးဇူးတင်ပါတယ် ခုသွားလိုက်နော်
ငါလည်းသိပ်မကြာပါဘူး ခဏပဲနေပြီးပြန်ခဲ့မယ်"စိတ်ချရအောင်သေချာမှာပြီးတော့မှကျောင်းကိုထွက်လာခဲ့လိုက်တယ် Gun နဲ့ပတ်သတ်လာရင်ဒီရက်ပိုင်းစိတ်ထဲသိပ်မကောင်း
P'Chanကလာမယ့် Monday ပြန်လာမယ်ပြောတယ်
စိတ်တွေလေးနေမိတာတော့အမှန်ပဲ
အရင်ကပေါ့ပေါ့ပါးပါးတွေးခဲ့ပေမယ့်
Gun ကရော လက်ထပ်မယ်ဆိုတာကိုလက်ခံပါ့မလား
P'Chan ကိုလူချင်းတွေ့ပြီးမှသာခွင့်တောင်းချင်တာကြောင့်
ဖုန်းဆက်တုန်းကဘာမှမပြောထားပေမယ့်
လူချင်းတွေ့ပြီးခွင့်တောင်းရင်သေချာပေါက်လက်ခံမှာ
အဓိကအရေးကြီးတာက Gun ရဲ့သဘောထားပဲအတွေးတွေလွန်နေတာကြောင့်ကျောင်းကိုတောင်အချိန်ခဏလေးအတွင်းရောက်လာခဲ့တယ်
ကားပေါ်ကဆင်းပြီးပွဲလုပ်မယ့်ခန်းမဘက်ကိုလျှောက်သွားတော့
လမ်းမှာပဲ Tay နဲ့တွေ့တာကြောင့် အတွေးတို့ကပြတ်သွားပြန်တယ်"Joss လာမှာသိတယ်မဟုတ်လား"
"အင်း Arm ပြောပြလို့ငါသိထားပြီးပြီ"

YOU ARE READING
Sex At 7/11 (completed)
Fanfiction(Unicode+Zawgyi) Smut everywhere!!! Big Warning❗️ Many mature contents are contain in this FanFiction OffJumpol And GunAtthaphan Love story of Man and Boy💚 7/11 ဆိုတာ Convenience store တွေကိုခေါ်တာပါ ဒါဆိုOffနဲ့Gunရဲ့Storeမှာဖြစ်မယ့်ဇာတ်လမ်းလေးကရေ...