Perfect Future

1.2K 57 4
                                    

Sex At 7/11 (Extra part for Donations)
(အရင်ကမဝယ်ဖြစ်လိုက်တဲ့သူတွေဖတ်ရအောင်တင်ပေးလိုက်တာက Click ပိုင်းမှာပိုပြီးအားထည့်စေချင်လို့ပါ
Donation တွေမှာကိုယ်တတ်အားသရွေ့ပါဝင်ပေးကြပါဦးနော်)

***

*BONUS PART*
~~~~~~~~~~~~~

Unicode

ဘန်ကောက်လေဆိပ်အတွင်း လေထုလေးတစ်ခုဟာ သူတို့ကြားမှာအေးစက်စက်... အကြောင်းအရင်းကတော့ သူ့ဘေးမှာသူ့ကိုလျစ်လျှူရှုကာ နားကြပ်တပ်ရင်း စိတ်ကောက်နေသောကလေးတစ်ယောက်ရှိနေလို့ပါပဲ ။

တစ်ကယ်တော့ Gun ကဒီခရီးကိုမသွားချင်ပေ
သူ့အဖေရဲ့နောက်အမျိုးသမီးကိုမတွေ့ချင်တာကြောင့်ပဲပေါ့
ဟုတ်ပါတယ်...သူတို့နှစ်ယောက် Gun အဖေရှိရာ ဂျာမနီနိုင်ငံကိုခရီးဆန့်ကြမှာပါ... ပုံမှန်အခြေအနေမှာသာဆို ကလေးအလိုကိုလိုက်ပြီး မသွားဘဲနေဖြစ်ချင်နေဖြစ်မှာပါ ။ ဒါပေမယ့်အခုကတော့ Phi Chan ရဲ့အမျိုးသမီးက အသက်ကြီးမှကိုယ်ဝန်ဆောင်ကာ မကြာသေးခင်ကမှ ကလေးသေးသေးလေးတစ်ယောက်မွေးထုတ်ထားတာမို့ Gun ကိုလာတွေ့စေချင်နေကြတာ
ဒါကိုဒီကလေးကပေကပ်ကပ်လုပ်နေတာမို့ အတင်းဆွဲခေါ်လာရခြင်းသာ

အခုအချိန်ထိစိတ်ကောက်လို့မပြီးနိုင်သေးတဲ့ပေါက်စကိုကြည့်ပြီးအသည်းတယားယားဖြစ်နေပေမယ့် စကားတော့မစမိပါ
မဟုတ်ရင်ထိုအဆိုးလေးကပိုပြီးပေကပ်နေဦးမှာကိုသူသိနေပါသည် ။
ထိုသို့ပစ်ထားလို့လည်းပိုပြီးစိတ်ဆိုးနေဟန်ရ၏... Gun ရဲ့ဖူးထော်နေတဲ့နှုတ်ခမ်းတို့ဟာ အပြင်ကိုအတော်လေးထော်ထွက်နေလေပြီ...

လေယာဉ်ထွက်ဖို့တစ်နာရီနီးပါးလိုသေးတာမို့ လက်ထဲကဖက်လက်စမဂ္ဂဇင်းကိုထောင်ကာအာရုံစိုက်လိုက်တော့ Gun သူ့ကိုစိုက်ကြည့်နေတာကိုမျက်လုံးထောင့်ကနေမြင်လိုက်ရသည် ။ ဒါပေမယ့်နေမြဲအတိုင်းမသိချင်ယောင်ဆောင်နေလိုက်သည် ။
တစ်ကယ်တော့အဲ့ဒီပေါက်စကသူ့ကိုချော့စေချင်နေတာ

"ခင်ဗျား..."

ဆူဆောင့်ပြီးထွက်လာတဲ့အသံစူးစူးလေးကြောင့်လှည့်ကြည့်တော့ ထိုကလေးကသူ့ကိုမကျေနပ်သလိုစိုက်ကြည့်နေလေသည် ။

Sex At 7/11 (completed)Where stories live. Discover now