Part-16💚

2.2K 130 41
                                    

Unicode

Gun တစ်ယောက် စိတ်ပူပြီးသာ အိမ်ကနေအလောတကြီးထွက်လာမိတာ
Off ဘယ်ဆေးရုံမှာလဲဆိုတာလည်းမသိသလို ဘယ်ကိုသွားနေမိမှန်းပင်မသိ

*fuck ဟုတ်သားပဲ ငါမှဆေးရုံမသိတာ*

ဆဲလို့သာသေမယ်ဆိုရင် Atthaphan လိုလူမျိုးက ထိပ်ဆုံးကပါမှာ

Offရဲ့ဆိုင်ရှိတဲ့ရပ်ကွက်နဲ့အနီးဆုံးကပုဂ္ဂလိကဆေးရုံတစ်ခုကိုသာသွားဖို့ဆုံးဖြတ်လိုက်ရင်းဆိုင်ကယ်ကိုကွေ့ကာမြန်မြန်လေးမောင်းလာလိုက်တယ်
Counter မှာလူနာစာရင်းကြည့်ပေးဖို့ကိုပြောတော့ စိတ်ကမရှည်ချင်တော့ Nurse ဝတ်စုံနဲ့ထိုမိန်းကလေးပုံစံကနှေးတိနှေးတုံ့နဲ့ သူနာပြုတစ်ယောက်သာမဟုတ်ရင်ဖြတ်ရိုက်ပြီးကိုယ်တိုင်ဆွဲယူပြီးကြည့်လိုက်ချင်ပေမယ့်
စိတ်ကိုမနည်းထိန်းနေရတာသိပ်တော့မလွယ်လှ

"Off Jumpol နော် ဟုတ်လား"

"ဟုတ်ပါတယ်ဆို Off Jumpol Adulkittiporn ရပြီလား သေချာနားထောင် Off Jumpol Adulkittiporn နောက်တစ်ခေါက်ထပ်ပြောရဦးမလား"

"ရပြီ ရပြီ"

စိတ်မရှည်တာကြောင့်အသံကပိုကျယ်လာလို့အနားကလူတွေကွက်ကြည့်ကွက်ကြည့်လုပ်တော့မှထိုငနဲမကလက်ကာပြကာတားတယ်
ဒါနဲ့ဆိုမေးနေတာသုံးကြိမ်မြောက်ဖြစ်သွားပြီ
စာရွက်ကိုဟိုလှန်လိုက်ဒီလှန်လိုက်နဲ့မပြီးနိုင်တော့ဘူး
သေမယ့်လူသာဆိုဒီနေရာတင်စျာပနလုပ်လို့ရနေပြီ
ပိုက်ဆံမက်တဲ့ဆေးရုံတွေအဲ့ဒါကြောင့်မုန်းတာ
စာရွက်တစ်ခါလှန်လိုက်လူကိုအကဲခတ်သလိုကြည့်လိုက်လုပ်နေပုံကရိုက်ပေါက်ချည်း

"ဒီဆေးရုံမှာတော့အဲ့ဒီနာမည်နဲ့လူနာမရှိပါဘူးရှင့်"

*fuckin' shit မရှိတာကို အဲ့လောက်သောက်ကြောရှည်နေဖို့လိုလို့လား*

ဖုန်းထုတ်ကာအဖေ့ဆီကိုခေါ်ကြည့်လိုက်တော့
သုံးခါတိတိတောင်ဖုန်းမကိုင်တာကြောင့်လူကစိတ်နည်းနည်းရှုပ်နေမိပြီ နဂိုတည်းကစိတ်မရှည်တတ်တဲ့လူလည်းဖြစ်တဲ့အပြင် အခုဟာကစိုးရိမ်စိတ်တွေလည်းစွက်နေသေးတယ်မဟုတ်လား
ဒေါသတွေကိုမောင်းလာတဲ့ဆိုင်ကယ်အပေါ်ပုံချကာ Leverကိုခပ်ကြမ်းကြမ်းဆွဲရင်းအရှိန်တင်ပစ်လိုက်တယ်

Sex At 7/11 (completed)Where stories live. Discover now