Unicode
ဆိုင်ထဲမှာညနေစောင်းတာနဲ့အလုပ်ရှုပ်နေတုန်း Gun ကရောက်လာတယ်
မနေ့ညကကိစ္စကြောင့်မနက်အစောကြီးထပြန်သွားပြီးတည်းကခုမှပြန်ပေါ်လာတာ
စိတ်တိုနေတဲ့ Gun ပုံကြောင့်စကားမစရဲ
ကိုယ်ကလွန်ထားတာမဟုတ်လား
ဒီကလေးကဆက်ဆံနေချိန်မှာဘယ်လောက်နူးညံ့နေပါစေ
မနက်ရောက်ရင်ပုံမှန်ပြန်ဖြစ်သွားတတ်တာ
အခုလည်းမနေ့ညကဦးလို့ခေါ်ပြီးချွဲခဲ့တာသူမဟုတ်တဲ့အတိုင်း မျက်နှာကတင်းမာနေတယ်"အလုပ်ချိန်က5နာရီဆိုတော့ 7:00 ကနေ 12:00 ထိလုပ်မယ်"
24hours store ဖြစ်နေတာကြောင့် ညပိုင်းကိုသာအချိန်ပိုင်းအလုပ်ထားလေ့ရှိပေမယ့်
Gun ကိုတော့သိပ်နောက်ကျတဲ့အထိမနေစေချင်ပါ
ပင်ပန်းမှာစိုးရိမ်တယ်ပြောရင်လည်းထိုကလေးကအပိုတွေလုပ်မနေနဲ့ဆိုပြီးပြောဦးမှာကြိုသိနေတယ်လေ
Gun ကပျော့ညံ့ညံ့ကောင်လေးမှမဟုတ်တာ ကိုယ်တိုင်အသိဆုံးပဲကို သက်သက်အစိုးရိမ်လွန်နေမိတာ"Gun အဆင်ပြေသလိုလုပ်လေ ရတယ်
ဒါနဲ့ ဦးကို လာမယ့်စနေနေ့ကျတစ်ခုလောက် ကူညီပေးလို့ရမလား""ဘာလဲ"
"စနေနေ့မနက်ပိုင်းတစ်ခုလုံးဆိုင်စောင့်ပေးလို့ရမလား
ဦး သွားစရာလေးတစ်ခုရှိနေလို့""မသိသေးဘူး အားရင်တော့နေပေးမယ်"
"ကျေးဇူးပါ"
Gun လည်းဘာမှဆက်ပြောမနေတော့ဘဲ ဆိုင်ထဲကထွက်လာလိုက်တယ် မနေ့ညကကိစ္စအတွက်စိတ်တိုနေမိတာအမှန်ပါ
ဖြစ်နေတုန်းကတော့ခံစားလို့တစ်ကယ်ကောင်းခဲ့ပေမယ့်
မနက်ရောက်တော့နေရထိုင်ရအရမ်းဆိုးလာပြီး toilet တောင်မဝင်နိုင်တဲ့ဒုက္ခကိုထိုလူကြီးကဘယ်သိမလဲ
ကိုယ့်ဒုက္ခကိုယ်ရှာခဲ့မိလေခြင်းဆိုပြီးတော့ခံရတာတနုံ့နုံ့နဲ့
နာရီကြည့်တော့ငါးနာရီကျော်သာရှိသေးတာကြောင့် Bar တစ်ခုဆီကိုသာဦးတည်လိုက်တယ်
မသောက်ရတာကြာနေတာကြောင့်ရောနာကျင်မှုပျောက်ချင်တာကြောင့်ပါနည်းနည်းလောက်သောက်မှရတော့မယ်လေ"ဘာသောက်မလဲ"
"Vodka ရေမရောဘူး Lime နည်းနည်းပဲထည့်
ခပ်ပြင်းပြင်းလေးလုပ်ဗျာ သုံးပတ်လောက်"

YOU ARE READING
Sex At 7/11 (completed)
Fanfiction(Unicode+Zawgyi) Smut everywhere!!! Big Warning❗️ Many mature contents are contain in this FanFiction OffJumpol And GunAtthaphan Love story of Man and Boy💚 7/11 ဆိုတာ Convenience store တွေကိုခေါ်တာပါ ဒါဆိုOffနဲ့Gunရဲ့Storeမှာဖြစ်မယ့်ဇာတ်လမ်းလေးကရေ...