Part-4💚

4.7K 162 22
                                    

Unicode

ပြတင်းပေါက်တွေကိုဖြတ်ပြီးကျိုးတိုးကျဲတဲဖြာကျနေတဲ့မနက်ခင်းနေရောင်ကြောင့် Off တစ်ယောက်လှုပ်လှုပ်ရွရွဖြစ်လာသည်။
ခေါင်းကတဆစ်ဆစ်ထိုးကိုက်လာတာကြောင့်နားထင်ကိုအသာဖိထားလိုက်မိသည်

မျက်စိနှစ်လုံးပွင့်တာနဲ့မြင်ရတဲ့ရှုပ်ပွပွမြင်ကွင်းကစိတ်မသက်သာစရာ အဲ့ဒါအပြင်ထပ်ပြီးအခက်တွေ့စေတာက
သူ့ဘေးမှာခြေပစ်လက်ပစ်နဲ့ကားယားကြီးအိပ်နေတဲ့သူပဲ

အမှန်ဆိုဒီလိုမနက်ခင်းလေးမှာအဲ့ဒီကောင်လေးကချစ်စရာအမူအရာလေးတွေနဲ့တီတီတာတာချွဲနွဲ့ပြီးရင်ခွင်ထဲတိုးကာ
အနမ်းလေးတွေအပြန်အလှန်ပေးရင်းနိုးလာရမှာမဟုတ်ဘူးလား

အခုတော့အဲ့ဒါတွေအစားခြေကားယားလက်ကားယားနဲ့အိပ်နေတဲ့အပြင် တစ်ခါတစ်ခါဟိုကုတ်ဒီကုတ်လုပ်နေတတ်သေးတယ်
ပါးစပ်ကလည်းဘာမှမရှိတဲ့လေကိုဝါးစားနေသလိုလိုလုပ်နေတတ်သေးတယ်

nakedဖြစ်နေတဲ့အနေအထားကြောင့်အောက်ပိုင်းကိုစောင်တစ်ထည်ပစ်တင်ပေးလိုက်ပြီးရေချိုးခန်းထဲထွက်လာခဲ့ရင်းညကအဖြစ်အပျက်တစ်ချို့ကိုပြန်တွေးလိုက်မိတော့ပြုံးမိပြန်တယ်
စိတ်ကူးကတော့စိတ်ကူးသတ်သတ်ပဲ

မနေ့ညကသူ့ရဲ့ချစ်စရာအမူအရာလေးတွေကကြက်ပျောက်ငှက်ပျောက်ကိုပျောက်ကုန်တော့တာ
အကျင့်ဆိုတာဖျောက်ရခက်တာအမှန်ပဲလား

ဘယ်လိုလုပ်ပြီးတော့များဒီကောင်လေးကဒီလောက်စွဲဆောင်မှုရှိလဲဆိုတာနားမလည်တော့
ကိုယ်တိုင်ကလည်းအဲ့လိုမျိုးတွေထပ်မလုပ်တော့ဘူးလို့ဆုံးဖြတ်ပြီးနေလာပြီးတော့မှ ဒီကောင်လေးကြောင့်
ချစ်မိသွားတာလားလို့တွေးမိပြန်တော့လည်းမဟုတ်ပြန်ဘူး
ထပ်ချစ်နိုင်ဖို့ဆိုတာလွယ်တဲ့အလုပ်မှမဟုတ်တာ

သာယာမှုလားလို့တွေးမိပြန်ရင်လည်းအဲ့ဒီ့ထက်ပိုတယ်ဆိုတာကိုငြင်းလို့မရပြန်ဘူး ဒါဆိုဘာများလဲ
သူ့အပေါ်ကိုဘာလို့ဒီလောက်စိတ်ဝင်စားမိနေတာလဲကိုယ်တိုင်ပင်နားမလည်တော့
ကိုယ်ကအသက်ကြီးတဲ့သူဖြစ်တာကြောင့်ရှေ့လျှောက်ကိုယ့်ဘက်ကပဲဆင်ခြင်ရမည်ဟုတွေးထားခဲ့လိုက်တော့သည်။

Sex At 7/11 (completed)Where stories live. Discover now