Unicode
နိုးလာတဲ့အချိန်မျက်လုံးမဖွင့်သေးဘဲဘေးကိုစမ်းမိတဲ့တော့အေးစက်စက်ဖြစ်နေတဲ့မွေ့ယာကသာကြိုဆိုနေလေတယ်
အားယူကာကြည့်မိတော့ထိုကလေးကရှိမနေတော့ဘူး
အောက်ပိုင်းကိုစောင်သာပတ်ပြီးရေချိုးခန်းဆီကိုသွားကြည့်လိုက်တယ် ရှိမနေဘူး
ဖရိုဖရဲဖြစ်နေတဲ့ဗီရို ပြန့်ကျဲနေတဲ့အဝတ်အစားတွေကိုမြင်တော့
စိတ်တိုရမယ့်အစားသဘောကျစွာရယ်မိတယ်
စိတ်ရှိသလိုလုပ်သွားတာလေးကတောင်ချစ်ဖို့ကောင်းနေပါလား
ပိုက်ဆံအိတ်ထားတဲ့နေရာရွေ့နေတာကြောင့်ပိုက်ဆံယူကောင်းယူသွားနိုင်တာသိပေမယ့်လို့ထွေထွေထူးထူးစိတ်ပူနေတာမျိုးတော့မဖြစ်မိ ထိုကလေးကိုဆိုအရာအားလုံးပေးပြီးသားမို့
ဧည့်ခန်းဆီထွက်လာတော့လည်းမတွေ့တာကြောင့်
စိတ်ပူမိတာကတော့ဘယ်အချိန်တည်းကများထပြန်သွားလဲဆိုတာပဲ
အိပ်ရေးရောဝရဲ့လား ညကများသွားတာကြောင့်နာများနာနေမလားဆိုတဲ့စိုးရိမ်စိတ်တွေသာတရိပ်ရိပ်တက်လာဆဲ"ခုမှ 6:30 ကျော်ကျော်လေးပဲရှိသေးတာ သူ့တိုက်ခန်းကိုပြန်သွားတာဖြစ်ဖို့ပဲမျှော်လင့်ပါတယ်"
သက်ပြင်းခပ်ဖွဖွချရင်းရေချိုးဖို့သာပြင်လိုက်တယ်
သူစားဖို့မနက်စာလည်းသွားပို့ချင်သလိုဆိုင်ဖွင့်တာလည်းနောက်မကျချင်တာကြောင့်အတတ်နိုင်ဆုံးမြန်အောင်ကြိုးစားနေလိုက်တယ်
ရေချိုးပြီးခေါင်းစိုနေတာကိုပင်မသုတ်နိုင်ဘဲမီးဖိုချောင်ထဲပြေးဝင်ကာရေခဲသေတ္တာဆွဲဖွင့်ရင်းဘာများအဆင်ပြေမလဲရှာပြီး ဆန်ပြုတ်ကောင်းကောင်းလုပ်ဖို့စီစဥ်ရတော့တယ်Gun ရဲ့ထူးဆန်းတဲ့အတွေးအခေါ်ကြောင့်
အထက်ကနေပြီးဟင်းချက်တော်အောင်ကြိုးစားရမယ်လေ
အရင်ကဟင်းချက်သင်ဖူးတာပဲတော်သေးတယ်ပြောရမလား
နောက်ဆိုအဲ့ဒီပေါက်စကိုတစ်သက်လုံးပြုစုရတော့မှာ
မနက်ဆိုသူ့ရဲ့အိမ်ရှင်မလိုချက်ပြုတ်ပေးရင်း
ညဆိုသူ့ရဲ့အိမ်ရှင်ထီးလိုပြုစုပေးရင်းပေါ့*အတွေးတွေနဲ့တောင်အသည်းယားစရာအတိပါလား*
အားလုံးပြီးတဲ့အချိန်မှာခုနှစ်နာရီကိုဆယ်မိနစ်စွန်းနေပြီ
Condo အောက်ကိုဆင်းလာပြီး ဆိုင်ကယ်ထုတ်တော့ ဘာဖြစ်မှန်းမသိဆိုင်ကယ်ကစက်နှိုးလို့မရတော့စိတ်ပျက်စွာရေရွတ်မိသေးတယ်

ESTÁS LEYENDO
Sex At 7/11 (completed)
Fanfic(Unicode+Zawgyi) Smut everywhere!!! Big Warning❗️ Many mature contents are contain in this FanFiction OffJumpol And GunAtthaphan Love story of Man and Boy💚 7/11 ဆိုတာ Convenience store တွေကိုခေါ်တာပါ ဒါဆိုOffနဲ့Gunရဲ့Storeမှာဖြစ်မယ့်ဇာတ်လမ်းလေးကရေ...