Part-15💚

2.1K 121 27
                                    

Unicode

P'Chan ကတွေ့ဖို့ပြောလာတာကြောင့်
Gun နဲ့ကိစ္စကိုဖွင့်ပြောလိုက်တော့မယ်လို့စဥ်းစားထားတယ်
ကလေးဘက်ကသဘောမတူရင်တော့
အရာရာကိုနောက်ဆုတ်လိုက်တော့မယ်
ပြီးရင်သူနဲ့အဝေးဆုံးမှာပဲနေလိုက်မယ်
ကိုယ့်အတ္တတွေထက်သူ့ကိုပိုချစ်မိတဲ့အခါတွေမှာသူ့စိတ်တိုင်းကျဖြစ်ပေးလိုက်ချင်တယ်
အချစ်ကတစ်ကယ်အားကြီးပါတယ်

ဆိုင်ကိုရောက်တဲ့အချိန် P'Chan ထိုင်နေတဲ့ဝိုင်းမှာ Gun ကိုမတွေ့ဘူး
မတွေ့ချင်လို့လိုက်မလာတာများလား

"P' ရေ Gun မပါဘူးလား"

"ပါတယ် Toilet သွားတယ်
မှာထားတာတွေအဆင်မပြေရင်ထပ်မှာနော်"

"ရပါတယ်ကျွန်တော်က စားဖို့အဓိကလာတာမှမဟုတ်တာ"

"အဆင်ပြေလား ဘာတွေလုပ်နေလဲ
ဟိုဆိုင်ကိုဆက်ဖွင့်နေတုန်းလား"

"အင်း"

"မင်းကတော့လေ မိဘတွေရဲ့ရှယ်ယာတွေရှိရဲ့သားနဲ့ကို အလကားအပင်ပန်းခံနေတာ"

"ကျွန်တော်ကဒီတိုင်းလေးပဲနေချင်လို့ပါ"

တော်တော်လေးကြာတဲ့အထိစောင့်နေတယ်
ဒါပေမယ့် Gun ပြန်ရောက်မလာသေးဘူး
Toiletထဲသွားကြည့်တော့လည်းရှိမနေဘူး
P'Chan ဖုန်းခေါ်တော့လည်းမကိုင်တာကြောင့် တစ်ကယ်ပဲစိတ်ထဲတစ်မျိုးဖြစ်မိတယ်
ပြန်သွားတာများလား

"မင်းက Gun ကိုအရမ်းစိတ်ပူနေပုံပဲနော်
Gun ကိုမှတ်မိတယ်လား သားကတော့မမှတ်မိလောက်ဘူးနော် အဲ့တုန်းကသူတော်တော်ငယ်သေးတာ"

"တစ်ကယ်တော့ဒီနှစ်အတွင်း Gun နဲ့ပြန်တွေ့တယ်"

"ဘယ်လို"

"ဟုတ်တယ် P' ပြောသလိုပဲ Gun ကကျွန်တော့်ကိုမှတ်မိတဲ့ပုံတော့မပေါ်ဘူး"

"ဘယ်လိုပြန်တွေ့တာလဲ"

"ကျွန်တော်ပွင့်ပွင့်လင်းလင်းပဲပြောပါရစေ
အားတော့နာပေမယ့်လည်း ကျွန်တော်နဲ့ Gun ကတွဲနေသလိုပဲ"

"ဟေ နေပါဦး ငါနားလည်အောင်ပြောစမ်းပါ"

"Gun နဲ့ကျွန်တော်ကခုတင်ပေါ်ထိရောက်ပြီးနေပြီ"

Sex At 7/11 (completed)Where stories live. Discover now