ချစ်ရပါသော ချာတိတ်/ ချစ်ရပါသော ချာတိတ် [ MIC ]

2K 285 4
                                    

(Zawgyi)

" ချာတိတ် မင်း သောင်းကျန်းထားပြန်ပြီလား "

ခပ်သြသြစကားသံအဆုံး ပစ်ကျွေးလိုက်မိတာက မျက်စောင်းတစ်ခု...

အဲ့လိုလုပ်တိုင်း ဦးက ခပ်မြူးမြူးလေးတစ်ချက်ရယ်ပြီး ကျွန်တော့်ခေါင်းကို ခပ်ဖွဖွလေးတစ်ချက်ပွတ်မယ်.. ဒါက ကျွန်တော့်ကို ရွှေပြည်အေးတရားမဟောခင် ဦး ချော့မြူနေကြ တူမကျဘာမကျ relationship တစ်ခုရဲ့ နိဒါန်းပတ်ပျိုးအစ ....

" အန်တီလေး ပြောစကားနားမထောင်ဘူးဆို "

ဦးပြောတာမဟုတ်လို့ ဘယ်နားထောင်ပါ့မလဲဆိုတာကိုတော့ စိတ်ကူးထဲကနေပဲ လှမ်းပြောလိုက်တယ်..

" မင်း တီလေးကို မသနားဘူးလား .. သူ့ခမျာ မင်းကိုလည်း ထိန်းရ အလုပ်တွေလည်းလုပ်ရနဲ့ "

ဟင့်အင်း.. တကယ်တော့ ကျွန်တော်က ပိုသနားဖို့ကောင်းတယ်ဆိုတာ ဦး သိနိုင်ပါ့မလား.. မဆိုးချင်ပဲဆိုးနေရတဲ့ ဘဝက ထင်သလောက်ပျော်ဖို့မကောင်းဘူးဆိုတာရော ဦး သိပါ့မလား.. ကျွန်တော်သာ လိမ္မာနေရင် ဦး ဆီက ဒီလိုချော့မော့အလိုလိုက်တာတွေ ဦး ဆီက ဆိုဆုံးမမှုတွေ ကျွန်တော်အတွက် ဖြစ်လာပါ့မလား..

ဦး ဆီက မေတ္တာ အကြင်နာတွေ လိုတာထက်ပိုရချင်လို့ ကိုယ့်နည်းကိုယ်ဟန်နဲ့ ကြိုးစားမိတာ ကျွန်တော် မလွန်ဘူးမလား...

" သားငယ်.. တီလေးတို့ စေ့စပ်တော့မယ် "

မျှော်လင့်ထားပြီးသားအရာတစ်ခု တကယ်တမ်းဖြစ်လာတဲ့အချိန်မှာ ထင်တာထက်ပိုပြီး နာကျင်ရတယ်... ကိုယ်နဲ့မထိုက်တန်ဘူးဆိုတာ သေချာနေတဲ့အရာတစ်ခုကို စွဲလန်းမိနေတဲ့ကျွန်တော်က ၃၁ ဘုံမှာသောက်ရူးအထဆုံးများဖြစ်နေမလား.. အဟက်

" ကိုယ် မင်းကို မချစ်ဘူး ချာတိတ်.. "

သေချာတာပေါ့..ကျွန်တော်ကပဲ ဦးကို အရမ်းချစ်နေမိတာလေ...

" ကိုယ်က မင်းကို တူတစ်ယောက်လိုပဲ သဘောထားခဲ့တာ "

ကျွန်တော်ကမှ ဦးကို ဦးလေးတစ်ယောက်လို သဘောမထားနိုင်ခဲ့တာဗျာ.. ဒါပေမဲ့ ကျွန်တော် ဦးကို အနှောင့်အယှက်မပေးပါဘူး.. တစ်သက်လုံးစောင့်ရှောက်လာတဲ့တီလေးကိုလည်း မျက်နှာပြောင်တိုက်ပြီး မိုက်ရူးရဲဆန်ရလောက်အောင် ကျွန်တော်အသိတရား မခေါင်းပါးပါဘူး.. ကျွန်တော်က လူဆိုးပေမယ့် လူယုတ်မာတော့မဟုတ်ပါဘူး....

One Shot StoryNơi câu chuyện tồn tại. Hãy khám phá bây giờ