Love & Facebook Cele

1.8K 254 5
                                    

(Zawgyi)

တောင် ခနဲမြည်လာတဲ့အသံနဲ့အတူ
တစ်ဆက်တည်းလင်းလာတဲ့ ဖုန်းမျက်နှာပြင်လေး....

ဖတ်လက်စစာအုပ်ကို ဘေးချပြီး ယူကြည့်လိုက်တော့
ချာတိတ်က ပို့စ်တစ်ခုတင်လို့ တက်လာတဲ့ noti ..

Social network သိပ်မသုံးတဲ့ကိုယ်က သူကလွဲလို့ များများစားစားပြောဖို့လူမရှိတာမို့ fb ရဲ့ တိုးတက်လာတဲ့နည်းပညာအရ သူဘာတင်တင် ကိုယ့်ဆီမှာ noti တက်စမြဲ...

[[ ချစ်ရသူမပါရင် နိဗ္ဗာန်မျက်မှောက်တောင်
တစ်ကိုယ်ကောင်းဆန်ပြီး မသွားချင်သူပါ....
သံသရာတစ်ဖက်ကမ်းမှာ သူရှိတယ်ဆိုတဲ့အသိလေးနဲ့
လောကုတ္တရာအား အရန်အစီအစဉ်ထဲရွေ့ထားမိသူမို့..
ဒီအမိုက်အမဲလေးအား
ဦး ဆိုတဲ့ အချစ်လောကီစက်ဝိုင်းထဲမှာ
မကျွတ်မလွတ်တမ်း မြဲရပါစေသား.... ]]

ခုတလော ဘာကိုဓာတ်ကျနေ၍လည်းမသိ ချာတိတ်တစ်ယောက် စာတိုပေစများနှင့် fb newfeed မှာ လုံးလည်လိုက်နေတတ်သည်။ သိပ်မကြာပါ သူတင်ထားသောပို့စ်မှာ likes & comments များနှင့် ပွဲစည်လာသည်။

* ကလေးလေး ဘယ်က ဦး လဲ... မှန်မှန်လိမ်ဇမ်းး ဆိုတာကတစ်မျိုး

* အယ်လဲ့..တယ်ဆိုတဲ့စာပါလား.. တွေ့နေပြီလား ဆိုတာကတစ်ဖုံ

* မားးတို့ကို အလင်းပြပါ ဆိုတာကတစ်လှည့် မျိုးစုံကြိုးခုန်နေကြသည်။

ပို့်စ်တင်သူမှာတော့ ဘယ်ဌာနေရောက်နေမှန်းမသိ...ခဏကြာတော့ messenger မှဝင်လာသောစာတစ်စောင်

>> ဦး အခုချက်ချင်း အသည်းပေး...

<< ဟမ်..ဘာကိုလဲ ချာတိတ်

>> ဟာ.. အခုတင်ထားတဲ့ပို့စ်ကိုလေ.. ဦး မြင်ပြီးပြီမဟုတ်လား.. အသည်းမပေးပဲ ဘာလုပ်နေတာလဲ .. comment ပါပေး..

<< အော်.. အင်း..အင်း.. အခုပဲ ပေးလိုက်မယ်

ခုရက်ပိုင်းကြုံနေရတဲ့ပြဿနာက အဲ့လိုရယ်ပါ.. သူတင်ထားတဲ့ပို့စ်ကို like မပေးရင်အရစ်ခံရ.. comment မပေးရင်အရစ်ခံရ.. comment က အဆင်မပြေရင် ဝတ်ကြေတန်းကြေပေးတာလားဆိုပြီးလာသေးတယ်..

ခဏကြာတော့ စာတစ်စောင်ဝင်လာပြန်သည်။

>> ခင်ဗျားကြီး comment ကို ဟို အမျိုးသမီးက ဘာလို့ အသည်းပေးတာလဲ

One Shot StoryDonde viven las historias. Descúbrelo ahora