My Lovely Drunken Boy

1.7K 244 8
                                    

(Zawgyi)

🎶 ထမင်းစားလည်းတစ်မျိုးလို အိပ်ရာဝင်လည်းတစ်မျိုးလို ဦးဦးကို...  ဦးဦးကို ... ဟေ့..ဟေ့ 🎶

🎶 ပင်စိမ်းသီးပိုးထိုး ဦးဦးကိုရအောင်ပိုး.. ရအောင်ပိုး... 🎶

🎶 ဘိလပ်ရည်အမြှုပ်ထ ကျွန်တော်ယူမှာက ဦးကိုဗျာ့.. ဦးကိုဗျာ့..ဟေ့.. ဦးကိုဗျာ့.. ဘိလပ်ရည်ချိုချိုလေး ကျွန်တော်ယူမှာက ဦးကိုလေးး..ဦးကိုလေးး ဟေ့ ဦးကိုလေးးး 🎶

Fb ပေါ်တက်လာတဲ့ Live noti နဲ့အတူ တွေ့လိုက်ရတာက ဘရုတ်သုတ်ခလေးများ.. ဂျပန်မူလီတစ်ယောက် အရှိန်ကောင်းနေပုံက ရဲတက်နေတဲ့နားရွက်နဲ့ နှာခေါင်းက သက်သေပင်။ ပြောတော့ နည်းနည်းပဲ အာစွတ်ရုံဆိုလေးပါ ဆိုသူက ခုတော့ လူလုံးတောင်ကွဲတော့မယ်မထင်။

" ဟျောင့်..ဟျောင့်.. မင်းဦး.. မင်းဦး ကြည့်နေတယ် "

" ဟမ်..ဘယ်က မင်းဦး လဲ..ရုပ်ရှင်မင်းသားလား.. ငါ အဲ့လောက်တောင် ဆယ်လီဖြစ်တွားဘီလား ဟမ်.."

" အော်...လဒရယ်.. မင်းရဲ့ဦး.. မင်းရဲ့ဦးက live ကိုကြည့်နေတယ် ပြောတာ "

ယိမ်းထိုးကာ ph screen နားကပ်လာတဲ့ မျက်နှာဖွေးဖွေးက စိတ်ဆိုးရမယ့်အစား ရင်ကိုအေးမြစေတယ်..တကယ်ကိုပဲ ချာတိတ်က မတောင်းပဲပြည့်တဲ့ ရွှေရင်အေးလေး။

" ဦးရေ..ဦးး... ဟျောင့်တွေ ဦးကို မတွေ့ဘူး.. ဦးက ဘယ်မှာလဲ "

"  လဒရယ်.. မင်း live လွှင့်နေတာလေကွာ.. vd call ခေါ်တာမှမဟုတ်တာ.. ဦးကို ဘယ်တွေ့ပါ့မလဲ "

မနက်မိုးလင်းမှ live ပြန်ကြည့်ရှက်နေမယ့် မျက်နှာကို မြင်ယောင်မိတော့ ပြုံးရပြန်သည်။ comment ထဲမှာတော့

* မူးနေတာတောင်ချစ်ဖို့ကောင်းအောင် မူးတတ်တယ်

* ဒီလိုငမူးလေးဆိုလို့ကတော့ တစ်သက်လုံးတင်ကျွေးထားပြီး အရက်ပဲတိုက်နေတော့မယ်

* ဦးးရေ..မူးတဲ့သူကို လွှတ်မထားသင့်ပါနော်

* This time for Oo..

မျိုးစုံပလူပျံကာ တစ်ယောက်တစ်ပေါက်နှင့် စည်ကားနေသည်။

>> ညီတို့ဘယ်မှာလဲ

ကျွန်တော် ဝင်မေးလိုက်တော့

One Shot StoryOpowieści tętniące życiem. Odkryj je teraz