First Time

2.1K 250 5
                                    

(Zawgyi)

ဆောင်းဦးဝင်စမို့ ပြတင်းပေါက်ကတိုက်ခတ်လာတဲ့ လေညင်းက လူကိုချမ်းစိမ့်စိမ့်ဖြစ်သွားစေတယ်...

စာကြည့်စားပွဲမှာ ထိုင်ပြီးအိပ်ငိုက်နေတုန်း အေးလာတာမို့ ပြတင်းပေါက်ကို လှမ်းပိတ်ဖို့အလုပ်မှာ လမ်းထိပ်အုတ်ခုံဆီမှ လွင့်ပျံလာတဲ့ ဂစ်တာသံက #မူပိုင်ရှင်မကြီးမမခိုင်

" ငနဲသားများမအေးကြဘူးလား မသိဘူး.. ခင်ဗျားတို့ မမခိုင်က အခုချိန်ဆို အိပ်ရာထဲက နတ်သားတစ်ဖက်ငါးရာကို အပြန်အလှန်ပေးစားနေလောက်ပြီ "

ခပ်တိုးတိုးရေရွတ်ရင်း ပြတင်းပေါက်ကို ပိတ်လိုက်တယ်....

သူများသားသမီးတွေများ ကောင်းလိုက်တာ
အေးရာအေးကြောင်း သီချင်းလေးဆိုနိုင်တဲ့ဘဝ...
ကိုယ်တွေများကျ သေရင်ကိုယ့်နောက်မပါတဲ့ စာတွေကို ကျက်နေရမှတ်နေရတယ်... တကယ်ပါပဲ.. ပကာသနတွေ

*****************

" ဟယ်...ငါ့မောင် ဘယ်တုန်းကပြန်ရောက်တာလဲ "

မနက်တိုင်း လော်မင်္ဂလာပြုနေတဲ့ တီလေးတစ်ယောက် ဒီနေ့တော့ ပျားရည်ဆမ်းငှက်ပျောသီးဖြစ်နေတာမို့ ကျွန်တော် တိတ်တိတ်လေးချောင်းကြည့်လိုက်တော့ ခပ်ဖြောင့်ဖြောင့်အကိုကြီးတစ်ယောက်.. တီလေးနဲ့စကားပြောပြီး ရယ်မောနေလိုက်တာများ.. ပြောကိုမပြောချင်ဘူး..

ကျွန်တော်ချောင်းကြည့်နေတာတွေ့သွားတော့ မျက်နှာသေနဲ့စိုက်ကြည့်လာသူက တစ်လောကလုံးသူ့လုပ်စာထိုင်စားနေရတဲ့ရုပ်နဲ့... သူများအိမ်ပေါ်လည်းလာသေးတယ်.. လူကိုလည်း အကြည့်နဲ့စော်ကားသေး...

" အယ်...သားငယ် နိုးလာပြီလား "

တော်သေးတာပေါ့... တူလေးကို သတိရသေးလို့
တီလေးရဲ့မိတ်ဆက်ပေးမှုနဲ့ ထိုအမျိုးကောင်းသားကြီးအကြောင်း သိလိုက်ရတာက pilot တစ်ယောက်ဖြစ်ပြီး အခုက ခွင့်ရလို့ပြန်လာတာဆိုတဲ့အကြောင်း..အရင်က အိမ်ချင်းကပ်လျက်နေခဲ့ပြီး ကျွန်တော်မွေးပြီး နှစ်နှစ်သုံးနှစ်လောက်မှာ ပြောင်းသွားလို့မမှတ်မိတာဆိုတဲ့အကြောင်း... ကျွန်တော့်ထက် ခြောက်နှစ်လောက်ကြီးတယ်ဆိုတဲ့အကြောင်းကို မမေးလိုက်ရပဲ အော်တိုသိလိုက်ရတယ်... တီလေးနဲ့ကျွန်တော်က ဆယ်နှစ်ပဲကွာတာမို့ ..ခြောက်နှစ်လောက်ကွာတဲ့ထိုလူကြီးကိုလည်း တမင်သက်သက်နဲ့ 'ဦး´ လို့သာ ခေါ်ပစ်ခဲ့တယ်...

One Shot StoryWhere stories live. Discover now