အချစ်ဆိုတာ/ အခ်စ်ဆိုတာ [ MIC ]

1.8K 256 1
                                    

(Zawgyi)

မှန်ချပ်ကိုတဖြောက်ဖြောက်လာစင်တဲ့ မိုးစက်မိုးပေါက်လေးတွေကို ငေးကြည့်ရင်း အနည်းငယ်သာကျန်တော့တဲ့ အခါးဓာတ်လွန်ကဲနေတဲ့ကော်ဖီကို လျှာဖျားပေါ်တစ်ငုံချင်းအရသာခံကာ သောက်နေမိသည်။

လက်စသတ်ပြီးသွားတဲ့ Auto CAD ပုံကို save တစ်ချက်နှိပ်ပြီး Computer ကို တွေတွေကြီးထိုင်ကြည့်နေလိုက်သည်။ Screen မှာ wallpaper တင်ထားတဲ့ MiG-29B Fighter ကြီးက လှောင်ပြောင်နေသလိုပင်။

** လေယာဉ်တွေအကြောင်း ဒီလောက်သိနေတော့ ဦးက လေယာဉ်မှူးလား......**

** ဟင့်အင်းး... ကိုယ်က ဝါသနာပါလို့ လေ့လာနေတာပါ **

မတွေးမိအောင် ထိန်းကာမှ အတွေးထဲသိသိသာသာဝင်ရောက်လာတဲ့ အတိတ်စာမျက်နှာတစ်ပိုင်းတစ်စက အတွေးထဲနယ်ချဲ့လာသည်မို့ ခေါင်းခါထုတ်ပစ်လိုက်သည်။ နံရံမှာတချောက်ချောက်မြည်ကာ မရပ်မနားသွားနေတဲ့နာရီကို မော့ကြည့်လိုက်တော့ ညနေလေးနာရီစွန်းစွန်းအချိန်ကိုပြသည်။

ဒီနေ့ဒီဇိုင်းအပ်ရမှာမို့ အပြီးသတ်ဆွဲနေမိရင်းက နေ့လယ်စာကိုမစားဖြစ်ပဲ ကော်ဖီတစ်ခွက်နဲ့သာ ဖြေသိမ့်လိုက်ရသည်မို့ ဝမ်းတော်က ဆန္ဒပြချင်လာသည်။ အဝတ်စင်မှာချိတ်ထားတဲ့ မိုးကာကိုကောက်ဝတ်ပြီး အခန်းထောင့်မှာ ချိတ်ထားတဲ့ထီးရှည်ကိုဆွဲကာ သူထွက်လာသည်။

ကောင်းကင်တစ်ခုလုံးညိုမှောင်နေတာမို့ အပြင်ထွက်သွားလာသူတွေကလည်း မရှိသလောက်ကိုရှားသည်။ လျှောက်လာရင်း ခြေဖဝါးတွေစိုလာလို့ ငုံ့ကြည့်မိတော့ စီးလာခဲ့မိတာက ကတ္တီပါဖိနပ်အနက်ရောင်လေး ။

** မိုးရွာနေတာကို ကတ္တီပါစီးလာတော့ ချာတိတ်က သူရဲကောင်းဆန်လွန်းသွားပြီ...အဟက် **

Shit...သောက်ဂွပဲ..ချီးတဲ့မှ

တစ်ကိုယ်တည်းကြားရုံသာတိုးတိုးလေး ရေရွတ်လိုက်ပြီး မိုးကာခေါင်းစွပ်ကို ခပ်ငိုက်ငိုက်ဆောင်းပြီး ဆက်လျှောက်လာသည်။ ဦးတည်ရာကလမ်းထိပ်က One shop Mart ဆီ။

ဆိုင်တံခါးကို တွန်းဖွင့်လိုက်တော့ တချွမ်ချွမ်နဲ့မြည်လာတဲ့ ခေါင်းလောင်းသံလေး ။

One Shot StoryWhere stories live. Discover now