Next Door's Girl

2K 245 6
                                    

(Zawgyi)

" Hi.. ကိုကြီး "

မနက်ဖြန် def line အတွက်ပြင်စရာတွေကို အဖွဲ့တွေနဲ့ gp chat ကနေ တိုင်ပင်နေတုန်း တက်လာတဲ့ chat head က ဘေးအိမ်က ​ပေါက်ကျော်မ။

" ပြော "

" မနက်ဖြန် မေကြီးဆီမှာ သမီးကို လာတောင်းပေး "

ဟဲ့..သောက်ပလုတ်တုတ် .. လခွမ်းတွေလို ပြောနေတာပဲ ဒီကလေးမ။ ပြီးမှထပ်ဝင်လာတဲ့စာတစ်ကြောင်း​ကြောင့် သက်ပြင်းချရသည်။

" သမီး ဆန္ဒပြသွားချင်တာကို.. မေကြီးက မသွားရဘူးပဲပြောနေတယ်..အဲ့ဒါ ကိုကြီး မေကြီးဆီမှာ လာခွင့်​တောင်းပေးလို့ရမလား "

" အငယ်ကောင်နဲ့သွားလေ.. ကိုယ်တို့က def line မို့ မိခြူးအတွက် အန္တရာယ်များတယ် "

" မေကြီးက သမီးတို့နှစ်ယောက်အတူတူဆို ပိုစိတ်မချဘူးတဲ့.. အဲ့ဒါကြောင့် ကိုကြီးကို အကူအညီတောင်းရတာပါ 😔 ..သမီး စကားနားထောင်မှာပါ "

ဒီကလေးမက အိမ်ကအငယ်ကောင်နဲ့ တစ်ရွယ်တည်း။ မွေးကတည်းက အခုချိန်ထိ မတည့်အတူနေကြသောနှစ်ယောက်။ မေမေနဲ့ အန်တီမေတို့ကလည်း ငယ်သူငယ်ချင်းတွေမို့ နှစ်အိမ့်တစ်အိမ်လိုဖြစ်နေကြသည်။

ဒါပေမဲ့လည်း သူ့ထက်လေးနှစ်ပိုကြီးသော ကိုယ်နဲ့ကတော့ အသိအကိုတစ်ယောက်လို ဆက်ဆံရေးသာ။ ကိုယ်ရှစ်တန်းနှစ် အဆောင်စ,ဝင်တဲ့အချိန်မှာ သူက လေးတန်းသာရှိသေးသည်။ တက္ကသိုလ်တက်တော့လည်း နယ်ဝေးကိုသွားရတာမို့ အိမ်အနီးပတ်ဝန်းကျင်နဲ့ ရင်းနှီးမှုကသိပ်မရှိ။

ကျောင်းပြီးလို့ မွေးရပ်မြေမှာ အလုပ်အခြေချပြန်​တော့လည်း အငယ်ကောင်နဲ့ ဒီကလေးမက အဆောင်နေတက္ကသိုလ်ကျောင်းသားတွေတောင် ဖြစ်နေကြပြီ။ အဲ့ဒါကြောင့် ကျန်တဲ့သူတွေနဲ့ နှစ်အိမ့်တစ်အိမ်ဆက်ဆံရေးဆိုပေမယ့် ကိုယ့်အတွက်ကတော့ အသိမိတ်ဆွေဆိုတဲ့သဘောသာရှိသည်။

ဒါတောင် Covid-19 ဖြစ်လို့ တက္ကသိုလ်​တွေပိတ်ထား၍သာ ထိုကလေးမနဲ့ မျက်မှန်းတမ်းမိခြင်း။ အရင်ကဆို လင်မယားနှစ်ယောက်ထဲရှိသော အန်တီမေတို့အိမ်မှာ ဘုရားသံ ၊ တရားသံများသာ ကြားရသည်။ ထိုကလေးမပြန်လာချိန်မှစ၍ အန်တီမေမှာ မနားရ ၊တစ်ချိန်လုံး ဗျစ်တောက်ဗျစ်တောက်နဲ့ ပြောနေရသည်။ အဆိုးဆုံးကတော့ အခုလိုထင်ရာကို တုတ်ထိုးအိုးပေါက်ပြောတတ်သော သူ့အကျင့်ကြောင့် အဆူခံရသည်ကများသည်။

One Shot StoryWhere stories live. Discover now