2.8K 482 15
(Zawgyi)
💬  မနက်ဖြန် ငါ ပြန်ရောက်မယ် လာကြို
💬 မအားဘူး ကောင်မလေးနဲ့ ဒိတ်ထားတယ်
ပြန်ဝင်လာတဲ့စာကိုကြည့်ပြီး သူပြုံးလိုက်တယ်။ ဒါက သူ မြန်မာပြည်ပြန်တဲ့အချိန်တိုင်း ဒီပါပြောနေကြစကားမို့ သူ့အတွက် အထူးအဆန်းမဟုတ်တော့။ ပြီးရင်လည်း လေဆိပ်ကိုအစောကြီး ကြိုရောက်နေသူကလည်း ဒီပါပဲဖြစ်သည်။
" မင်း ပြောတော့ကောင်မလေးနဲ့ ဒိတ်ထားတယ်ဆို "
မေးလိုက်တော့ သူ့ကို ဘုကြည့်,ကြည့်လာတယ်။ ကောင်မလေးက အလုပ်မှာ အရေးကြီးကိစ္စပေါ်လာလို့ ၊ မိသားစုတွေ့ဆုံပွဲရှိလို့ စသဖြင့် အကြောင်းပြချက်မျိုးစုံနဲ့ ဆင်ခြေပေးတတ်တဲ့ ဒီပါကတော့ တစ်နှစ်ပြီးတစ်နှစ် အချိန်တွေကုန်လွန်သွားခဲ့လည်း အရင်လိုပဲ မရှိတဲ့ကောင်မလေးအတွက် ဆင်ခြေတွေကတော့ ပေးနေဆဲ။
အမေ့ဗိုက်ထဲကထွက်ပြီး အူဝဲလို့ငိုကတည်းက ခင်လာတဲ့ဒီပါနဲ့ သူရဲ့ friendship goal က နှစ်သုံးဆယ်ပတ်လည် နီးပါးရှိနေပြီဖြစ်တာကြောင့် တစ်ယောက်အကြောင်း တစ်ယောက်နှောကြောနေတာက အဆန်းမဟုတ်တော့။ အသက်မွေးဝမ်းကြောင်းချင်းမတူလို့ ပညာသင်ရတဲ့နေရာဒေသတွေ ကွဲပြားနေသည့်တိုင် ဒီပါကသူ့အတွက် နံပါတ်တစ်ဖြစ်နေခဲ့သလို သူကလည်း ဒီပါရဲ့ဦးစားပေးနေရာမှာ အမြဲရှိနေခဲ့တယ်။ ဒါတွေထုတ်ပြောဖို့မလိုပဲ အချင်းချင်းသိနားလည်ခဲ့ကြတဲ့ ဆက်နွယ်မှုလေးတွေ။
" မင်း ဒီနေ့ဂျူတီ ဘယ်အချိန်လဲ "
" ဒီရက်တွေထဲ off ယူထားတယ် "
' ဘာလဲ ငါ ပြန်လာလို့လား ' လို့မေးလိုက်တော့ ဒီပါက ' ဘဝင်ရူးရောဂါက ကုရာနတ္ထိဆေးမရှိ ' ဟု တိုးတိုးလေးပြောသွားတယ်။ ဘယ်လိုပဲပြောပြော ဒီပါ့လို အလုပ်သရဲက သူပြန်လာတဲ့အချိန်ဆိုရင်တော့ တစ်နှစ်စာစုထားတဲ့ ခွင့်ရက်တွေကို အပြည့်အဝအသုံးချတတ်တာ သူသိနေပြီးသားမို့ ဝန်မခံချင်သူ အတင်းဇွတ်မေးမနေတော့။
" ဒီတစ်ခါ ငါတို့အင်းလေးဘက် သွားကြမလား "
" ငါ ဒီတစ်ခေါက် ခွင့်ကတစ်ပတ်ပဲ ရတယ် ..ဒီပါ "
One Shot StoryWhere stories live. Discover now