Friend Zone

3.4K 518 14
                                    

(Zawgyi)

" Friend Zone က ထောင်နဲ့ တူလိုက်တာ "

Facebook သုံးနေရင်း New Feed မှာ တက်လာတဲ့ပို့စ်တစ်ခုကို ဖတ်ပြီး သူရယ်လိုက်တော့ ဘေးမှာဂိမ်းဆော့နေတဲ့လင်းက သူ့ဖုန်းကို လှမ်းကြည့်ပြီးတော့ ဆော့လက်စဂိမ်းကိုပဲ ပြန်ဆော့နေသည်။

သူကတော့ ဖုန်းကိုဆက်မကြည့်တော့ပဲ လင်းကိုငေးကြည့်နေမိသည်။ ဒီသူငယ်ချင်းလေးက ဒီလိုပဲအေးတိအေးစက်နိုင်လွန်းသည်။

အချစ်ကို မယုံကြည်တဲ့လင်းက ရည်းစားတွေထည်လဲတွဲခဲ့ပေမယ့် သူငယ်ချင်းအပေါင်းအသင်းအနေနဲ့ကတော့ သူတစ်ယောက်သာရှိခဲ့သည်။သူနဲ့ပတ်သက်ပြီး လင်းရဲ့ရည်းစားဟောင်းတွေနဲ့ လင်းကြားမှာ အမြဲလိုလိုပြဿနာက ရှိစမြဲ။

သူကတော့ လင်းစိတ်ဆင်းရဲမှာစိုးလို့ အစကတည်းက ရှောင်ပေးထားပေမယ့် လင်းရဲ့ ' ရည်းစားထားတယ်ဆိုပေမယ့် ဒီကမ္ဘာမှာ ငါ့သူငယ်ချင်းဖြစ်တဲ့ဘုန်းကို အချစ်ဆုံးပဲ ' ဆိုတဲ့စကားတစ်ခွန်းကပဲ လင်းကိုရည်းစားများသူဖြစ်စေခဲ့သည်။

" ဘုန်း .. မင်း အဲ့တစ်ယောက်ကို ကြိုက်နေတာလား "

ဂိမ်းဆော့နေရင်း အဆက်အစပ်တစ်ခွန်းကြောင့် သူကြောင်သွားသည်။

" ဘယ်သူ့ကို ပြောနေတာလဲ လင်း "

" သူပို့စ်တင်တိုင်း မင်းအမြဲပြုံးသွားတာလေ အဲ့တစ်ယောက်လေ "

" မဟုတ်ပါဘူးလင်းရ သူတင်တဲ့ပို့စ်တွေက ရယ်ရလို့ပါ "

" အင်း "

လင်းက ဂိမ်းထဲကို အာရုံပြန်ရောက်သွားသည်။

" လင်း မင်း သူသူနဲ့လမ်းခွဲလိုက်ပြီဆို.. အဲ့ဒါ ငါနဲ့များ ပတ်သက်နေမလား "

" မင်းနဲ့မဆိုင်ဘူး ငါ မတွဲချင်တော့လို့.."

သူ သက်ပြင်းချလိုက်သည်။ ဒီစကားက သူ့အတွက်မထူးဆန်းပေ။ အရင်ကတော့ လင်းအချစ်ရေးပတ်သက်ပြီး သူဘာမှဝင်မစွက်ဖက်ဖူးပေမယ့် ဒီအတိုင်းပဲရှေ့ဆက်သွားရင် လင်းလမ်းမှားရောက်သွားလိမ့်မည်။

ပြီးတော့ သူသူက လင်းတွဲဖူးသမျှရည်းစားတွေထဲမှာ လင်းနဲ့အသင့်တော်ဆုံး၊ အလိုက်ဖက်ဆုံးကောင်မလေးမို့ သူ့အနေနဲ့ လင်းကိုဒီတစ်ယောက်နဲ့တော့ တကယ်ကိုအတည်တကျဖြစ်စေချင်သည်။

One Shot StoryWhere stories live. Discover now