9K 801 42
(Zawgyi)
[ ကျွန်တော်ချစ်တဲ့သူမှာ ချစ်သူရှိတယ်... အပိုင်ရမှ အချစ်လို့မမြင်ပါဘူးကွယ် ကိုယ်အဝေးကနေတွေ့မြင် သူအမြဲပြုံးတာတွေ့ချင် ကိုယ့်နှလုံးသားထဲမှာ ထာဝရထားချင် ]
ဆိုထားတဲ့ Cover Song record လေးကို acc မှာ တင်လိုက်ပြီး သိပ်မကြာခင်မှာပဲ ဖုန်းထဲကို ဝင်လာတဲ့ အပြာရောင်စာတိုလေးတစ်ကြောင်း။
" ဒီနေ့ဆိုထားတာ ပိုကောင်းတယ် နောက်နေ့အတွက် သီချင်းတောင်းလို့ရမလား "
ကိုယ့် acc ထဲက သူငယ်ချင်းတွေတောင် ကိုယ်ဆိုထားတာကို ဘယ်သူမှတကူးတက နားမထောင်ကြပေမယ့် ဒီတစ်ယောက်ကတော့ ကိုယ်ဆိုထားတဲ့သီချင်းမှန်သမျှကို နားထောင်မှန်း သတိထားမိသည်မို့ message box ဝင်ပြီး စာပြန်လိုက်သည်။
" ဟုတ် နားထောင်ပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ့ "
" ဒါဆို နောက်နေ့အတွက် ကိုယ် သီချင်းတောင်းလို့ရမလား "
" ကျွန်တော်ရတဲ့သီချင်းဆိုရင်တော့ ဖြစ်ပါတယ် "
" အချစ်ဦးနဲ့ပတ်သက်တဲ့သီချင်းမျိုး နားထောင်ချင်တာပါ အဆင်ပြေရဲ့လား "
" ကျွန်တော် Try ကြည့်လိုက်ပါမယ် "
" Ok Im waiting for you. See U. GN."
မီးစိမ်းပျောက်သွားတဲ့အကောင့်လေးကို ထိုင်ကြည့်ရင်း ကိုယ့်စိတ်အစဉ်က လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကို ပြန်ရောက်သွားသည်။
>>>>>>>>>>>
" ဟဲ့ အရှေ့ဆုံးတန်းရဲ့ ထောင့်ဆုံးမှာ ထိုင်နေတဲ့ကျောင်းသားက ချောလိုက်တာဟာ .. "
ကိုယ့်အရှေ့မှာထိုင်ပြီး ကိုယ့် crush ရဲ့ ခန့်ညားမှုဋီကာကို ဖွင့်နေတဲ့ကောင်မလေးနှစ်ယောက်ကြောင့် စားပွဲပေါ်မှောက်အိပ်နေရာက ခေါင်းထောင်ကြည့်လိုက်သည်။
အရှေ့ဆုံးတန်းမှာ ထိုင်နေတဲ့သူရဲ့ နောက်ကျောလေးကတောင် ကိုယ့်အတွက် ရင်ခုန်သံမြန်စေသည်။ မမှီတဲ့ပန်းမို့ တုံးခုပြီးလည်း မလှမ်းဝံ့ခဲ့ပါ။ သူနဲ့ ကိုယ်ဆိုတာ မိုးနဲ့ မြေလို ကွာခြားတဲ့သူတွေမလား။
သူက ကျောင်းရဲ့စံပြကျောင်းသား.. စာတော်သလို အားကစားလည်းထူးချွန်တဲ့သူ။ ဆရာ၊ ဆရာမတွေရဲ့ အချစ်လည်းခံရသလို ကောင်မလေးတော်တော်များများရဲ့ စိတ်ဝင်စားခြင်းကိုလည်း ခံရတဲ့သူ။
One Shot Storyजहाँ कहानियाँ रहती हैं। अभी खोजें