Bad Guy (or) Love Boy

2.2K 253 4
                                    

(Zawgyi)

နေရာက ဂျစ်တူးတစ်ကောင်နေထိုင်ရာဂူဗိမ္မာန်အနီးတစ်ဝိုက်
အချိန်ကာလအားဖြင့် နေဝင်ရီတရော ညီအစ်ကိုမသိတသိအချိန်

" ဦး...  နင် လမ်းတွေ့ခဲ့ရင် ဘာဖြစ်တယ်တဲ့လဲ "

TV ကလာတဲ့ business talk အစီအစဉ်တစ်ခုကို ကြည့်နေတုန်း အကြောင်းအရင်းမရှိ ထ,မေးလာတဲ့ငချွတ်တစ်ကောင်ကြောင့် ဘေးလှည့်ကြည့်လိုက်တော့ ကျောရိုးကိုဖင်လုပ်ပြီး ထိုင်ထားပုံက မိကျောင်းအစာနင်နေတဲ့ဒီဇိုင်းနဲ့......

" ဖြေလေ... ဘာကြောင်ကြည့်နေတာလဲ "

" ဘာကို ဖြေရမှာလဲ... အဆက်အစပ်မရှိ "

" ဟာ.. ဦးကလဲ..ဒါလေးတောင် မသိဘူး.. ဒီလိုလေဗျာ
ဟဲ့ ပေါ်ဦး.. ဟိုရှေ့က ဘာတုန်းကွယ့်.. 
စူပါကော်ဖီမစ်ပါ ဘုရား...
သူ့ချည်းပဲလားဟဲ့
ဇွန်းတပ်လေးနဲ့ပါ ဘုရားး... အဲ့လိုလေဗျာ..နားလည်လား "

" စူပါကော်ဖီမစ်အထိကတော့ နားလည်သလိုလိုရှိတယ်... ဇွန်းတပ်ကဘာပြောတာလဲ.."

" တုံးအ,ရန်ကော်..ငမိုက်သားမောင်မင်းရဲ့... ဇွန်းတပ်ဆိုတာက ရှယ်ဖျော်ကို ပြောတာပါခင်ဗျာ့..ရှယ်ဖျော်ပါဗျာ့...နားလည်ရဲ့လား..နားလည်ပါသလား မောင်မင်းရဲ့.."

ရိုးရိုးပြောလည်းဒီစကားပဲကို ကြာနီကန်ဆရာတော်တရားဟောသလို လုပ်ပြောနေတဲ့ချာတိတ်ပေါက်စကြောင့် လူက " ဟုတ်ကဲ့ " ပဲပြောရမလို.. " တင်ပါ့ဘုရား " ဆိုပြီးပဲ ဦးသုံးကြိမ်ပြေးချရမလိုနဲ့ လမ်းပျောက်နေရသည်။ 

" အဲ့ဒါနဲ့ ခုနကဟာနဲ့ ဘာဆိုင်လို့လဲ "

" ကျွန်တော်က နင် လမ်းတွေ့ခဲ့ရင် ဘာတဲ့တုန်း ပရိတ်သတ်ကြီး လို့မေးရင် ဦးက ကြင်ကြင်နာနာပြုံးပါလို့ ပြန်ပြော..ဦး အဲ့သီချင်းကိုမသိဘူးဆိုတော့ ခုလောလောဆယ် ဒီစာသားလေးတွေကို အရင်ကျက်လိုက်ဦး..ကျွန်တော် highlight တားပေးထားမယ် "

ကျောင်းစာကိုသာ ဒီလိုကြိုးစားပမ်းစားလုပ်ရင် သူ့အိမ်မှာ ဆုတွေထားစရာနေရာတောင်ရှိမယ်မထင်ပါ။ ဒါပေမဲ့လည်း ပေါက်ကရတွေမလုပ်စမ်းနဲ့..စာပဲလုပ် ဆိုပြီးလည်း မပြောရဲပါ..
" သေရင်ကိုယ့်နောက်မပါမယ့် ပကာသနတွေအတွက် ရခဲလှတဲ့လူ့ဘဝကြီးမှာ လူဖြစ်မရှုံးစေနဲ့ " အစချီကာ တရားပြလိုက်မယ့်ဖြစ်ခြင်း..
သူ့စကားအဆုံး ကိုယ်ကရေစက်ခွက်ကလေးကိုင်ပြီး " သာဓု သာဓု သာဓုပါ ဘုရား " လုပ်လိုက်ရုံနဲ့တင်ကို နိဗ္ဗာန်မျက်မှောက်ပြုနိုင်နေပြီ..

One Shot StoryWhere stories live. Discover now