နှလုံးသား ပံ့သကူ/ နှလုံးသား ပံ့သကူ [ MIC ]

1.5K 239 2
                                    

(Zawgyi)

>> ကျွန်တော့်နှလုံးသားကို ပံ့သကူပစ်လိုက်တယ် <<

" တီလေး... ပွဲဈေးလိုက်ပို့ "

" ခုနက သူငယ်ချင်းတွေ လာခေါ်တော့ မလိုက်သွားပဲနဲ့ သားရယ် "

" မရဘူးဗျာ... လိုက်ပို့ "

ဒီလိုအခြေအတင်တွေကြားထဲဖျန်ဖြေဖို့ရောက်လာသူက
Hyacinth နံ့သင်းသင်းလေးကို အမြဲဆွတ်ထားတတ်သူ

" သူ့ကို ပွဲဈေးလိုက်ပို့ပေးလိုက်ပါဟာ..ငါ့ကို လာရစ်နေလို့ "

တီလေးရဲ့ ငြီးငြူသံအဆုံး ရယ်သံတိုးတိုးပြုရင်း ကျွန်တော့်ခေါင်းကို ခပ်ဖွဖွလေးပုတ်လာမယ်။

" ကိုယ်နဲ့ သွားမလား... ကိုယ် လိုက်ပို့ပေးမယ်လေ "

ပေစောင်းစောင်းတစ်ချက်ကြည့်ပြီး ဝေးရာကိုထွက်လာလိုက်တယ်။ ဘယ်​လောက်ပဲ Crush ဖြစ်နေပါစေ ကိုယ့်ဂွင်ထဲဝင်လာရင်​တော့ ခပ်ကြီးကြီးချေပစ်ဖို့ ရည်ရွယ်ထားပြီးသား။

" ကိုယ်နဲ့ မသွားချင်ဘူးလား.. ချာတိတ် စားချင်တာတွေ ဝယ်ကျွေးမယ်လေ "

ဦးက အဲ့လိုပြောလာတော့ ကျွန်တော်က မသွားချင်ပဲ အားနာလို့သွားရတဲ့ဒီဇိုင်းကာလာ အနေအထားနဲ့ပေါ့... အမေမွေးကတည်းက မြင့်လာတဲ့ IQ တွေကို crush ကို ပြန်ချေဖို့အပြည့်အဝသုံးခဲ့တယ်လို့ ပြောလိုက်ရင် အမေများ ဝမ်းသာလေမလား ။

ကျွန်တော် ပင်လယ်ဓားပြစီးချင်တယ် စကားအဆုံး လက်ထဲရောက်လာတဲ့ လက်မှတ်နှစ်စောင်။

" ချာတိတ်တစ်ယောက်ထဲ မစီးရဲမှာစိုးလို့ "

လူယုတ်မာအပြုံး ခပ်ကြိတ်ကြိတ်ပြုံးရင်း ဦး ရင်ခွင်ထဲ တိုးဝင်ပြီး ​ကြောက်ချင်ယောင်ဆောင်ခဲ့တယ်။ ကျွန်​တော်က ၁၂တွဲရဟတ်စီးရင်တောင် လေကောင်းလေသန့်ရတယ်ဆိုပြီး ပြောတတ်တဲ့သူဆိုတာ ဦး တစ်ယောက် ဘယ်တော့မှမသိပါစေနဲ့။

ဝက်သားတုတ်ထိုး စားချင်တယ်.. ဝယ်ကျွေးမယ် မဟုတ်လား ကျွန်တော့်တောင်းဆိုလိုက်တော့

" နောက်နေ့မှ စားပါကွာ... ကိုယ် မြို့ထဲ လိုက်ဝယ်ကျွေးမယ် "

One Shot StoryWhere stories live. Discover now