AllU(6)

514 36 1
                                    

[Unicode]

တခေတ် ဘယ်လောက်ပဲ သူနဲ့အရိုင်းကောင်ရဲ့ Weddingမဖြစ်မြောက်ဖို့ ကြိုးပမ်းခဲ့ ကြိုးပမ်းခဲ့ အကျဥ်းချုံးလုပ်မယ်ဟူသော တခေတ်မေမေနဲ့ ညိုယံ့အဒေါ် ၊ညိုယံ့အဖွားတို့ရဲ့ ဆုံးဖြတ်ချက်မှာ သူ့ဆန္ဒတွေက ​မြူမှုန်သာသာ.....။

သေချာတာက ဒီလိုပွဲမျိုးစီစဥ်ဖို့ အရိုင်းကောင်ရဲ့ ဆန္ဒက အဓိက မပါမ​ဖြစ် ဖြစ်လောက်မည်။

တခေတ် မေမေရှိလို့သာ ဒီမှာထိုင်နေရတာ ကိုယ့်စိတ်နဲ့ကိုယ်သာဆို အရိုင်းကောင်ရဲ့ အဝေးမှာပဲ အမြဲရှိနေချင်သည်။ ကိုယ့်ဆန္ဒမပါတဲ့ မဂ်လာပွဲအကြောင်း ပြောနေကြတဲဲ့ဒီနေရာဟာ တခေတ်အတွက်တော့ ငရဲပဲ။

သူ့ဘေးနားမှာ ထိုင်နေတဲ့အရိုင်းအယုတ်တမာကြောင့် ငရဲတောင် ဟိုးးးးအဝီစိငရဲကျနေသလိုပင်။

"တခေတ်ကရော ဘယ်နေရာမှာ မဂ်လာပွဲကျင်းပ စေချင်လဲ??"

သုံးယောက်သား ပြောပြီးအားရမှ တခေတ်ကို မေးရကောင်းမှန်းသိလေ၏။

မကျင်းပလေ ကောင်းလေဟု မေးလာလေသူ အရိုင်းကောင်ကို ဘုကန့်လန့်တိုက်ပစ်လိုက်ချင်ပါသော်လည်း လူကြီးသူမတို့ရှိနေမှုကြောင့် တခေတ် စိတ်ကိုအတတ်နိုင်ဆုံး ထိန်းလိုက်ရ၏။ဘာဘဲဖြစ်ဖြစ် တခေတ်ရဲ့"ဆရာ"ဆိုတဲ့ ဂုဏ်ပုဒ်က ရှိသေးသည်လေ။

"ဘယ်မှာဖြစ်ဖြစ်ပါ.....အကျဥ်းချုံးလေကောင်းလေပဲ.....ဘုန်းကြီးကျောင်းတစ်ခုမှာပဲ ဆွမ်းကျွေးတာ ဖြစ်ဖြစ်"

"အင်း"

ညိုယံ တခေတ်ရဲ့ပေါ့ပျက်ပျက်အပြောကို လေးလေးနက်နက်နားထောင်ပေးကာ ခေါင်းငြိမ့်ပြလိုက်ရင်း လူကြီးတွေဘက်ပြန်လှည့်ကာ...

"ဒါဆို ကျွန်တော်တို့ တခေတ်ပြောတဲ့အတိုင်းပဲ ကျင်းပရအောင်.....အမေ့သဘောကရော ဘယ်လိုဖြစ်စေချင်လဲ??"

တခေတ် အရိုင်းကောင်ကို မကြည်ဖြူစွာဖြင့် ဆွေကြည့်လိုက်မိသည်။ဘယ်နှဲ့ သူများမေမေကိုများ အမေလို့ပိုင်စိုးပိုင်နင်းခေါ်လိုက်တာလဲ?? သူ့မှာလည်း အမေရှိရဲ့သားနဲ့......မေမေကရော ဘာလို့ သူစိမ်းတစ်ယောက်ရဲ့ အဲ့လို အခေါ်ခံနေရတာလဲ?? နောက်များမှာ သားအမိနှစ်ယောက်ဆုံမှ အခေါ်မခံဖို့ ပြောကာ ဆုံးမရပေဦးမည်။

AllUWhere stories live. Discover now