AllU(18)

320 23 1
                                    

[UNICODE]

~~တင်းတောင်~~တင်းတောင်~~

လူခေါ်ဘဲလ်အသံကြောင့် မုန့်စားရင်းTVကြည့်နေတဲ့တခေတ်တစ်ယောက် အမြန်ကုန်းထရင်း တံခါးသွားဖွင့်ရလေပြီ။

“Hi!”

တံခါးဖွင့်ဖွင့်ချင်း တွေ့လိုက်ရသည်က ခပ်ငယ်ငယ်ကောင်လေးတစ်ယောက် ပုံစံကတော့ တခေတ်ထက်မစိုစလောက်လေးပိန်ပြီး မစိုစလောက်လေးအရပ်ပုနေတာကြောင့် ညှပ်တဲ့အထဲတော့ပါသည်။

၁၉၉၀ခေတ်များဆီက Titanicမင်းသားကြီး လီယိုနာဒိုလိုဆံပင်ပုံလေးနဲ့ဆိုတော့ သေးသေးကွေးကွေးဖြူဖြူဥဥနဲ့‌ဒီကောင်လေးက ပိုလို့ပင်ချစ်ဖို့ကောင်းနေ၏။

“Hi!”

လက်ထဲမှာ ဖွင့်ဖောက်စားလျက်သား လေဖောင်းမုန့်ထုပ်ကတစ်ဖက် နောက်မုန့်စားထားတဲ့လက်တစ်ဖက်ကိုတော့ ဘောင်းဘီနဲ့ခပ်မြန်မြန်သုတ်ပြီး လက်ပြလျက် တခေတ် အရှေ့ကကောင်လေးHiသလို ဘုမသိဘမသိHiလိုက်လေ၏။

“ဒါ Steveအိမ်လားခင်ဗျ?”

“Ste…ဘယ်သူလဲခင်ဗျ?”

“aww sorry…Stevin Yanကိုပြောတာခင်ဗျ”

“Stevin Yan??”

ဗမာသံဝဲဝဲနဲ့ကောင်လေးရဲ့စကားကို တခေတ်အာရုံစိုက်နားထောင်သော်လည်း ဘယ်လိုမှနားလည်လို့မရပေ။ Stevin Yanက ဘယ်သူကြီးလဲ??

“မြန်မာနာမည် မေ့နေလို့ဗျ…Stevin Yanရဲ့သူငယ်ချင်းကတော့ Steveကို ညို…ညို…ညိုယံဆိုလား??…အဲ့လိုတော့ခေါ်တယ်ခင်ဗျ”

“ရှိန်းညိုယံထင်း??”
.
.
.
.
.
“ရှိန်းညိုယံထင်း!”

“ဗျ”

ဒီနေ့ Sundayဖြစ်တာကြောင့် အိမ်တွင်းသန့်ရှင်းရေးလုပ်နေတဲ့ ညိုယံ။

အိပ်ယာခင်း၊ စောင်၊ ခေါင်းအုံး စသဖြင့် အိပ်ခန်းဝင်ပစ္စည်းတွေကို အသစ်လဲလှယ်နေတဲ့ညိုယံတစ်‌ယောက် အိပ်ခန်းအဝင်တံခါးဘောင်ကိုမှီလျက် လက်ပိုက်ကာ နာမည်အပြည့်အစုံကို အလိုမကျသံစွတ်၍ အော်ခေါ်လိုက်သောဆရာလေးကြောင့် ပြာပြာသလဲ။

အရင်က နာမည်တောင်မခေါ်ဖူးတဲ့လူဆီကနေ ညိုယံနေမကောင်းဖြစ်ပြီးနောက်ပိုင်း ပါးလွှာသောဂရုစိုက်မှုတချို့ကို လက်ခံရရှိခဲ့သည်။ ဥပမာ-ညိုယံစားမယ့် မုန့်တစ်ခုခုရဲ့ ingredientမှာ ကြက်ဥပါတယ်ဆို မပြောမဆိုစွတ်ခနဲ သူ့(တခေတ်)ပါးစပ်ထဲထည့်လိုက်တာမျိုး။ ဒါပေမယ့် ဆရာလေးက ညိုယံ့ကိုမသိမသာဂရုစိုက်နေတယ်ဆိုတာ ညိုယံသိပ်သိတာပေါ့။

AllUWhere stories live. Discover now