AllU(17)

360 30 6
                                    

[UNICODE]

"*ကျစ်* ပူလိုက်တာကွာ"

အခန်းအပူချိန်လိုတာထက် ပိုပူနေတာကြောင့် အအိပ်မက်တဲ့တခေတ်တောင် နိုးလာရချေပြီ။

သို့သော် ထလို့ကဖြင့်မရ‌နိုင်သေး...တခေတ်တစ်ကိုယ်လုံးကို အနောက်ကနေသိမ်းကျုံးထွေးပိုက်ကာ အိပ်နေတဲ့လူကြောင့်ပင်။

တခေတ် သူ့အားအတင်းဖက်တွယ်ထားတဲ့ အရိုင်းကောင်လက်တွေကို ကိုင်ဖယ်ရန်ပြင်လိုက်စဉ်...

"ပူကျစ်နေတာပဲဟ!"

တခေတ် အာမေဋိတ်သံထွက်သည်အထိ လန့်သွားရ၏။ ဒါဆို အခန်းအပူချိန်ကြောင့် ပူအိုက်နေရတာမဟုတ် အနောက်မှဖက်တွယ်ထားတဲ့လူရဲ့ ခန္ဓာကိုယ်အပူရှိန်ကြောင့် ပူအိုက်နေရခြင်းဖြစ်သည်။

"ညိုယံ...ဟိတ်ကောင် ထ! "

အော်ခေါ်ကာနှိုးနေသော်လည်း တခေတ်ခန္ဓာကိုယ်ကိုထွေးပွေ့ထားသော ညိုယံ့လက်တွေသာ တင်းကျပ်သထက် တင်းကျပ်လာ၏။

"ရှိန်းညိုယံထင်း!!ထလို့!!"

အသားကုန် အာခေါင်ခြစ်အော်ပါမှ အင်းအဲဖြင့် လှုပ်လီလှုပ်လဲ့ဖြစ်လာတဲ့ညိုယံ။

အနည်းငယ်မျှပြေလျော့သွားတဲ့ ထွေးပိုက်မှုအဆုံး တခေတ်အားကုန်ရုန်းလိုက်ပြီး အခန်းမီးအမြန်ပြေးဖွင့်လိုက်၏။

လင်းထင်းသွားတော့မှ တွေ့လိုက်ရသည်က ကွေးကွေးလေးအိပ်နေတဲ့ ရှိန်းညိုယံထင်းကိုပင်။ ကြည့်ရတာ တခေတ်ကိုနွေးမည်အထင်ဖြင့်ထွေးပွေ့ထားပြီးပါမှ တခေတ်လည်းဖယ်လိုက်ရော အနွေးဓာတ်မရှိတော့သဖြင့် ခန္ဓာကိုယ်ကိုကွေးကျုံ့ကာအိပ်နေခြင်းဖြစ်မည်။

တခေတ် အိပ်နေတဲ့ညိုယံ့ကိုကြည့်မိတော့ မျက်နှာတစ်ပြင်လုံး အနီအစက်စက်တွေ ဖြစ်နေ၏။ နောက် လက်တို့ခြေထောက်တို့လည်းကြည့်လိုက်ရော ထိုနင်း၎င်း အနီအစက်စက်တွေပင်။ တစ်ကိုယ်လုံးလည်း မီးကျီခဲလို ခြစ်ခြစ်တောက်နေ၏။

တခေတ် ဘာလုပ်ရမှန်းမသိဖြစ်ကာ ပြာလာ၏။ အိပ်ယာခြေရင်းက တိုင်ကပ်နာရီကိုလှမ်းကြည့်လိုက်တော့ ၃နာရီ ၄၅မိနစ်။ ဟိုကောင်ဇော်ရဲကိုဖုန်းဆက်ရင်လည်း သကောင့်သားက ကြည်မှာမဟုတ်။

AllUWhere stories live. Discover now