AllU(27)

361 26 6
                                    

[UNICODE]

🎼ဟောင်းနွမ်းသွားတဲ့ မင်းရဲ့ ဓာတ်ပုံလေးဟာ
ကိုယ့်ပိုက်ဆံအိတ်ထဲအရင်လိုပါ🎼

🎼အေးချမ်းလွန်းတဲ့ မင်းရဲ့မျက်နှာလေး တွေးမိတဲ့အခါ ခဏလောက်တွေ့ချင်လိုက်တာ🎼

🎼ခြောက်သွေ့တိတ်ဆိတ်လွန်းတဲ့ ကိုယ့်နေ့ရက်များမှာ… အမှန်တကယ် အတိတ်မေ့သွားရင်ကောင်းမှာ🎼

🎼နားလည်မှုတွေနဲ့တို့ တည်ဆောက်ထားတဲ့ဘဝဟာ အချိန်ရယ် တိုတောင်းလွန်းလိုက်တာ🎼

🎼ငြင်သာစွာပြုံးပြတတ်တဲ့နှုတ်ခမ်းပါးက အမုန်းစကားဆိုတဲ့အခါ… ခုန်မင်စွာ ဖမ်းဆုတ်ခဲ့တဲ့ လက်ဖဝါးလေးနဲ့ တွန်းဖယ်ထွက်ပြေးသွား🎼

🎼တစ်နေ့နေ့တော့ မေ့နိုင်မယ်ထင်ခဲ့တာ… ရာသီစက်ဝိုင်းတွေအဆုံးသတ်မှာ🎼

🎼ဒီနေ့မနက်ကောဖြစ်နိုင်မလား…ရင်ဘတ်ထဲက ငြင်းမြဲပါ🎼

🎼ဒီလိုသာလုံးပါးပါးရင်း သံသရာလည်…ရစ်ပတ်တဲ့ကြိုးလေးတွေကိုချစ်မိနေ… ကိုယ့်အနာဂတ်ဟာ အဓိပ္ပါယ်မရှိတာ မင်းပဲအသိဆုံးပါ…🎼

🎼ကိုယ့်…အသက်ရဲ့ မှီတည်ရာ မင်းအပြုံးလို့ ဖြေဆိုမယ်…ဘယ်လွယ်ပါ့မလဲ အသည်းလေးရယ် သေမလိုပဲ သိရဲ့လားကွယ်🎼

🎼နောင်ဘဝများ… ရှိခဲ့ပါရင်ကွယ်… မင်းအနားအမြဲနေလိုတယ်… ဘယ်လွယ်ပါ့မလဲ အသည်းလေးရယ် သေမလိုပဲ သိရဲ့သားနဲ့🎼

🎼မင်းရဲ့အချစ်ကို အလေးထားပြီးကိုးကွယ် အရာရာကိုငါစွန့်ပယ်ခဲ့…အဆုံးသတ်ရွေးချယ်မှု ငါမဖြစ်ခဲ့တော့ ဘယ်အရာကို ငါဖက်တွယ် မလဲ🎼

🎼မြက်ခင်းစိမ်းလေးဟာ မင်းနင်းလျှောက်ဖို့အတွက်ကို သီးသန့်ဖြစ်တည်ခဲ့တာ…နှင်းစက်လေးများ စိုနေတဲ့ အိုသစ်ရွက်လေးများဟာ…နင်မရှိတော့တဲ့ နေ့တွေမှာ အလိုလို ငြှိုးနွမ်းခြောက်သွေ့သွား🎼

🎼ကွဲအက်ကြေမွခဲ့ စိတ်ဒဏ်ရာ ငါ့အခန်းတံခါး လေးပိတ်ထားမှာ🎼

AllUWhere stories live. Discover now