AllU(23)

328 27 6
                                    

[UNICODE]

*ဒေါက်* *ဒေါက်*

တံခါးခေါက်သံကြားရာ ပြတင်းပေါက်ဘက်ကိုလှည့်ကြည့်ပြီးတာနဲ့ ဂိမ်းဆော့လက်စဖုန်းကို ဘက်ခနဲဆိုပစ်ချပြီး စောင်ကိုခေါင်းမြီးခြုံကာ အိပ်ချင်ယောင်ဆောင်ပစ်လိုက်သော တခေတ်။

သရဲ‌တစ္ဆေတွေ့လို့တော့မဟုတ် ဒီ့ထက်ကြောက်စရာကောင်းသည့်ခွေးလိုအကောင်ကြောင့် တခေတ်မှာ မဟားတရား လန့်ဖျန့်သွားရခြင်းဖြစ်၏။

အဖွားနဲ့ဒေါ်လေးပြောတာတော့ စိတ်ချရတဲ့ကောင်လေးတစ်ယောက်ကို ရှိန်းညိုယံထင်းဝင်မလာနိုင်အောင်လို့ ခြံစောင့်ခိုင်းထားတယ်ပြောတာပဲ...ဒါဖြင့် ဘာလို့အဲ့အရိုင်းကောင်က ဒီအထိရောက်နေရတာလဲ?????

ညိုယံ့ကိုတွေ့တာနဲ့ အခန်းမီးတောင်မပိတ်နိုင်ဘဲ ဖုန်းပစ်ချ စောင်ခြုံကာ အိပ်ချင်ယောင်ဆောင်နေတဲ့ဆရာလေးကို ဘယ်လိုတောင်နှစ်သက်မြတ်နိုးမိ‌နေပါလိမ့်။

Slide Windowကို Lockမချထားပါစေနဲ့သားဆိုတဲ့ ဆုတောင်းကပြည့်တော့ ညိုယံတစ်ယောက် ထခုန်မိမတက်ပျော်သွားရ၏...သို့သော် လှုပ်တုတ်လှုပ်တုတ်နဲ့ ယိုင်နဲ့နဲ့ဝါးလှေကားကြောင့် မခုန်မိအောင်မနည်းထိန်းသိမ်းလိုက်ရ၏...ဗုဒ္ဓေါ။

"တခေတ်"

တုတ်တုတ်မျှမလှုပ်လာသော ဆရာလေး...။
အကြောင်းကိစ္စတစ်ခုခုမရှိဘဲနဲ့တော့ တခေတ် အဖွားအိမ်လာမအိပ်နိုင်။ ဒီအကြောင်းကို ညိုယံ သိပ်သိချင်မိသည်။

"တခေတ်”

“…”

“ကိုယ့်ကိုပြော ကိုယ်ဘာမှားလို့လဲ? ကိုယ် တခေတ်အပေါ်ကို ဘာအမှားလုပ်မိလို့ ဒီမှာလာနေ,နေရတာလဲ?"

ညိုယံ ဘယ်လိုပြောပြော စောင်ထုပ်လေးကတော့ တုပ်တုပ်မျှမလှုပ်။ အသက်ရှူသံသေးသေးလေးကိုတော့ အတိုင်းသားကြားနေရ၏။

"အသက်ရှူကြပ်မယ်တခေတ်...ထတော့နော်"

"မင်းသွား!!!"

ညိုယံ စောင်လေးအားဖယ်ယူကာ တခေတ်အသက်ရှူကြပ်မှာစိုးတာကြောင့် မျက်နှာလေးပဲဖော်ဖို့ရန် ရည်ရွယ်၍ လက်လှမ်းလိုက်သော်လည်း တ‌ဖန်စောင်ကိုပြန်ဆွဲထားသူ၏ အော်ထုတ်ခြင်းကိုသာခံလိုက်ရ၏။

AllUWhere stories live. Discover now