AllU(19)

353 31 5
                                    

[UNICODE]

“တခေတ် တခေတ်…”

“ဟေ ဘာလဲ?”

“ဟိုမှာ ညိုယံမလား?”

ဇော်ရဲပြသည့်နေရာကို ကြည့်လိုက်တော့ ရှိန်းညိုယံထင်းနဲ့ နောက်ကောင်လေးတစ်ယောက်က JCလိုနေရာမျိုးရဲ့ Cafeဆိုင်တစ်ဆိုင်မှာ မျက်နှာချင်းဆိုင်ထိုင်သောက်ကာ စကားလေးတပြောပြောနဲ့…အမယ် တယ်roနေပါ့လား!!!

တခေတ်လိုလူမျိုးကရော…ဒီလိုပွဲကြီးပွဲကောင်းမျိုး လက်လွတ်ခံမတဲ့လား? *အဟင်း*

“ဇော်ရဲ”

“ဟေ…”

တခေတ်တစ်ယောက် ဇော်ရဲကိုသာခေါ်နေတာ အကြည့်ခပ်စူးစူးတစ်စုံက သိပ်မဝေးတော့တဲ့အကွာအဝေးတစ်နေရာက ညိုယံနဲ့နောက်ကောင်လေးတစ်ယောက်ထံ ကျရောက်နေ၏။

“မင်း JCGVမှာ ရုပ်ရှင်ကြည့်ချင်လို့ဒီလာတာမလား?”

“ဒါပေါ့…ငါအကြိုက်ဆုံးကားလေးတင်ထားလို့ မင်းကိုတောင်အဖော်ရအောင်အိပ်စိုက်ခေါ်လာရတာလေ လဒရဲ့”

“အခု‌မကြည့်နဲ့တော့”

“ဘာ!!…ဟိတ်ကောင်တခေတ် မင်းသောက်ကျင့်မပုတ်နဲ့လေကွာ…ငါလဲအိပ်စိုက်ရသေးတယ်…”

“လာစမ်းပါကွာ…ငါဒီ့ထက်ကောင်းတဲ့ဇာတ်ကားပြမယ်…ရည်းစားဟောင်းနဲ့ခိုးပြီးချိန်းတွေ့နေတုန်း တရားဝင်ယောကျာ်းမိသွားသူရဲ့ သည်းထိတ်ရင်ဖိုဖြစ်ရပ်”

“ဟာ! ဟိတ်ကောင်! တခေတ်…”

ဇော်ရဲကသာ အနောက်ကလိုက်လို့တစာစာအော်ခေါ်နေတာ တခေတ်ရဲ့ခြေလှမ်း တစ်လှမ်းနဲ့တစ်လှမ်းအကွာအဝေးက သူ့(တခေတ်)အရပ်ထက်တောင်ရှည်နေလေရဲ့။

“ရှိန်းညိုယံထင်း!”

“ဗျ”

ညိုယံ နှုတ်ဖျားက ကြားဖူးနေကျအသံတစ်ခုကြောင့် အမိန့်တစ်ခုကိုနာခံနေကျအလား!!

“တခေတ်”

တခေတ်ကို‌တွေ့တာနဲ့ ပျော်ရွှင်စွာအော်ခေါ်လာတဲ့လူက ချက်ချင်းမတ်တပ်ထရပ်ပြီး ထိုင်ခုံနေရာတစ်ခုကို ‌တခေတ်ထိုင်ဖို့ သူ့(ညိုယံ)ဘေးနား ပြင်ပေးရှာလေ၏။

AllUWhere stories live. Discover now