AllU(25)

328 26 4
                                    

[UNICODE]

တခေတ် ညိုယံသွားရာနောက်ကိုသာ မသိမသာ လိုက်ကြည့်နေမိသည်။ ရေသောက်တာကအစ နာရီစားပွဲပေါ်တင်လိုက်တာကအဆုံး တစ်ကွက်မှမလွတ်စေရကြည့်နေမိတာ မျက်စိအောက်ကအပျောက်မခံချင်လို့တော့မဟုတ်လှ…သိပ်အရေးကြီးသည်ဆိုသောစကားကိုပြောဖို့အခွင့်အခါကောင်းကို ချောင်းမြောင်းနေခြင်းဖြစ်၏။

ပြန်လာတာ ငါးရက်လောက်ရှိပြီဖြစ်သော်လည်း တခေတ်မှာ တစ်ခါမှ စကားကောင်းကောင်းပြောဖို့ကို အခွင့်မရေးမရရှိခဲ့။ Overseasကပြန်လာမှ ရှိန်းညိုယံထင်းတစ်ယောက် အလုပ်တွေသိပ်ရှုပ်နေသလိုပင်။

တခေတ်ကိုဂရုမစိုက်တာလားဆိုတော့…ဘယ်လောက်အလုပ်တွေရှုပ်တယ်ပဲဆိုဦးတော့ တခေတ်အတွက်Breakfast, Lunch, Dinner သုံးမျိုးလုံးကို Healthy Foodရအောင် အရင်ကလို သူကိုယ်တိုင်ချက်ပြုတ်ဂရုစိုက်မြဲပင်။ သူအပြင်သွားရင်လည်း ဘာစားချင်လဲ၊ ဘာဝယ်လာခဲ့ရမလဲ၊ တစ်ခုခုစားချင်တာစဉ်းစားမိရင်ဖုန်းဆက်ပြောလိုက် စသဖြင့် သူ့ကိုယ်ပိုင်အလုပ်‌နေရာမသွားခင် မှာကြားနေကြစကားများ။

ကဒ်ထဲလည်းငွေအပြည့်ပင်။ ငွေသားကိုလည်း အိပ်ခန်းထဲက အံဆွဲထဲ ထည့်ထည့်သွားတက်သေး၏။ သို့သည့်တိုင် တခေတ်မသုံးခဲ့။ သုံးဖို့မလိုအောင်လည်း ရှိန်းညိုယံထင်းက ကိုယ်ကြိုက်တတ်မှန်းသိတဲ့မုန့်လေးတွေ ဖြည့်ဆည်းထားပေးတတ်သည်။ တစ်ခါတစ်ရံသာ ပေါက်တက်ကရစားချင်သည့်အခါမှ ကိုယ့်ပိုက်ဆံနဲ့ကိုယ်ဝယ်စားမိခြင်းပင်။

“တခေတ်…ဒီနေ့Breakfastကို ကိုယ်မုန့်ဟင်းခါးဝယ်ပေးထားတယ်”

ရှိန်းညိုယံထင်းကိုစကားလေးပြောခွင့်ရဖို့ ‌စောင့်ကြည့်နေမိလိုက်တာ ဘယ်လောက်‌ထိမျောပါသွားသည်မသိသော တခေတ်တစ်ယောက်က အခုမှပြာပြာသလဲဖြင့်…

“ညိုယံ…ငါ…”

“အင်း တခေတ်က မုန့်ဟင်းခါးကို ငါးဖယ်မပါရင်မစားတတ်လို့ ကိုယ်,ကိုယ်တိုင်ကြော်ပေးထားတယ်…အပြင်ဆီတွေကမသန့်ဘူးလေ”

ကုတင်‌ထက်က စောင်လေးနဲ့လုံးကာထိုင်နေတဲ့ တခေတ်ရဲ့ပြောစကားကိုလည်းနားမထောင်ပါဘဲ ပြောချင်တာသာ ပြောနေလေသော ရှိန်းညိုယံထင်းက တခေတ်ကိုတစ်ချက်မှကြည့်မလာဘဲ သူ့ဘာ့သူ အကျီလက်ခေါက်တင်နေတာကိုသာ အာရုံစူးစိုက်နေလေ၏။

AllUWhere stories live. Discover now