AllU(11)

326 32 0
                                    

[UNICODE]

တခေတ် ကလေးတချို့ကို အိမ်စာနဲ့ပတ်သက်ပြီး မှာသင့်တာမှာပြီးနောက် ဘောပင်နဲ့ဖုန်းထည့်ထားတဲ့ ဘေးအိတ်ကို လွယ်ကာ ကွန်ဒိုဆီ သုတ်ခြေတင်လေတော့သည်။

ဟုတ်ပါသည်...တခေတ် ကွန်ဒိုအနောက်ဖက် မလှမ်းမကမ်းက ရပ်ကွက်ငယ်လေးတစ်ခုမှာ ကလေးတွေအား စာသင်ပေးနေခြင်းဖြစ်၏။ အခကြေးငွေနဲ့ပင်။

တခေတ်လို M.Scရပြီးသား လူတစ်ယောက် ၊ စာသင်တဲ့လုပ်သက် မဆိုးလှတဲ့ လူတစ်ယောက်က ကလေးမိဘတွေဆီ ပရိုမိုးရှင်းတော့ ကြာကြာမဆင်းလိုက်ရ။

မဆင်းရဆို...တခြား နာမည်ကြီး ကျူရှင်တွေထက်စာရင် တခေတ် စာသင်ကြေးက အနည်းငယ်‌လျော့နည်းတာကြောင့်ပင်။ အခြေခံလူတန်းစား ရပ်ကွက်ဆိုတော့ အနည်းနဲ့အများ ကြည့်ကြချည်ချည်းသာ။ သားသမီးကို မျက်စိအောက်မှာ စာသင်တာပိုသဘောကျတဲ့ မိဘတွေကြောင့်လည်းပါတာပေါ့။

တခေတ်စာသင်နေတာ ဒီနေ့ဆို ၁လနဲ့ ၁၈ရက်တိတိ။

တခေတ် သင်ကြားနည်း သင်ကြားဟန်တွေကို အကြိုက်တွေ့သော မိဘတွေကြောင့် ပန်းသတင်းလေညှင်းဆောင် ဆိုသလို အရင်လတွေကထက် ကျောင်းသားအနည်းငယ်ပိုရလာ၏။

ပုံမှန်ဆို တခေတ် တစ်ဝိုင်းကို လေးငါးယောက်လောက်သာလက်ခံ၏။ နိုင်သလောက် ထိထိရောက်ရောက်လေးသာ။ အခု လူများလာတော့ နှစ်ချိန်ရွှေ့လိုက်ရ၏။

အထက်တန်းကျောင်းသားတွေက မနက်၇နာရီကနေ့လည်ခင်း ၁၂နာရီထိဖြစ်တာကြောင့် တခေတ်စာသင်ချိန်က နေ့လည်၁နာရီခန့်က စရ၏။

သင်ကြားသည်က ၉တန်းကျူရှင်ပြည့်နှင့် ၁၀တန်း ဂိုက်အနေဖြင့်သာ။ ဒါကြောင့် ၉တန်းတစ်ဝိုင်း ၁၀တန်း ဂိုက်တစ်ဝိုင်း ပေါင်း လူဆယ်ယောက်တည်း။

ဒီနေ့မှ ပုံမှန်ပြန်နေကျ ညနေ ၆နာရီထက် မိနစ်၂၀ပိုနောက်ကျနေတာကြောင့် ခြေလှမ်းကို ခပ်သွက်သွက်လှမ်းနေရသည်။

စာသင်တယ်ဆိုတာ ဒီလိုပဲလေ...ဆရာတစ်ယောက်ရဲ့ အိမ်ပြန်ချိန်ဆိုတာ နောက်ကျစမြဲ။ စာမရတဲ့ကလေးတွေအတွက် အချိန်ပိုပေးရတာကြောင့်ပင်။

AllUWhere stories live. Discover now