AllU(4)

791 65 5
                                    

[UNICODE]

လင်းထင်းနေသော အခန်းအနေအထား နဲ့ အရင်အိပ်နေကျ နေရာနှင့် မတူသော အိပ်ယာအခြေအ​နေကြောင့် တခေတ် မျက်လုံးနှစ်ဖက်ကို အားယူဖွင့်လိုက်၏။ အားယူ ဖွင်လိုက်သည်သာဆိုတယ်...တကယ်တမ်း ပွင့်သွားသည်က သုံးပုံတစ်ပုံသော မျက်ခွံတွေ။

မျက်စိရှေ့မြင်လိုက်ရသော မျက်နှာကျက်သည်ကား ပုံမှန်နိုးလာတိုင်း မြင်နေရတဲ့ တရုတ်လုပ် LEDမီးသီးနဲ့ သွပ်ပြားတွေအစား တန်ဖိုးကြီးမားသော မီးဆိုင်းကြီးနဲ့ ချောမွတ်နေသော မျက်နှာကျက်ကြီးကိုသာ မြင်တွေ့လိုက်ရတော့သည်။

"အော်~~ဟုတ်သားပဲ ငါ tripထွက်လာတာပဲ~~~"

မျက်စိအမြင်ကို ချွေတာစွာ တစ်ဝက်ခန့်ပဲ ဖွင့်ကြည့်ပြီး သူ့ဘာသာသူ ပျင်းရိပျင်းတွဲအသံဖြင့် တိုးညှင်းစွာ ပြောချင်ရာပြောကာ စိတ်ချလက်ချ ပြန်အိပ်ပျော်သွားသော တခေတ်။

တခေတ် နှစ်နှစ်ခြိုက်ခြိုက်ဖြင့် ပြန်လည်အိပ်ပျော်ရန်ပြင်ခိုက် နားထဲတွင် သူ့အားလာနှိုးနေသည့် ယောကျာ်းလေးတစ်ယောက်ရဲ့ အသံတွေကြားလိုက်ရ၏။

"တခေတ်...ထတော့...အရမ်းအိပ်ရင် ခေါင်းကိုက်လိမ့်မယ်...တခေတ်...တခေတ်..."

"ဇော်ကြီးရာ...မင်းဘာသာမင်း ဖွန်သွားကြောင်မှာဖြင့်သွား...ငါ အိပ်ချင်သေးတယ်..."

တခေတ် ညိုယံလာနှိုးတာကို ကမ်းခြေမှာတုန်းက သူနဲ့အတူတူ တစ်ခန်းထဲ တည်းခဲ့သည့် သူငယ်ချင်းဖြစ်သူ ဇော်ကြီးအမှတ်ဖြင့် မျက်လုံးမပွင့်သေးဘဲ ဘေးနားက ခေါင်းအုံးကြီးကို ဖက်လျက် ဗလုံးဗထွေးဖြင့် ထိုသို့ပြောလိုက်ခြင်း ဖြစ်၏။

"တခေတ်...ဘာတွေပြောနေတာလဲ ထတော့ဆိုဗျာ...ခေါင်းကိုက်လိမ့်မယ်"

ကြည့်ရတာ...ညိုယံတစ်ယောက် ကျေးဇူးရှင်ဆရာလေးရဲ့ ဗလုံးဗထွေးစကားတွေကို ကြားဟန်မတူ...နောက်တစ်ကြိမ် ထပ်မံလှုပ်နှိုးလိုက်တော့၏။

မနှိုးလို့မဖြစ် အိပ်ဆေးအရှိန်ကြောင့်ဟု ဆိုနိုင်သော်လည်း အရမ်းအိပ်ရင် တခေတ်ခေါင်းကိုက်မှာကို သူစိုးတာကြောင့် မထ,မချင်း နှိုးနေရခြင်းပင်။

AllUWhere stories live. Discover now