AllU(9)

395 39 0
                                    

[UNICODE]

ညိုယံတစ်ယောက် ညစာအတွက် အားလုံးချက်ပြုတ်ပြီးနောက် နောက်ဆုံးအနေနဲ့ Freezeထားတဲ့ နွားနို့တစ်ဘူးကို ရေခဲသေတ္တာထဲကထုတ်လိုက်ပြီး ကျိုထားလိုက်၏။

ညိုယံ ချက်ပြုတ်တိုင်း အဆီဓာတ်မများဘဲ အာဟာရပြည့် သင့်တင့်မျှတတဲ့ အစားအစာတွေကိုသာ သေချာစီမံ ချက်ပြုတ်လေ၏။ အထူးသဖြင့် သူ့ဆရာလေး…ဆရာလေးက သိပ်ပြီး အပြင်စာကြိုက်တတ်တာ။ ဒါ့ကြောင့် သူနဲ့အတူ ရှိချိန်တော့ မရ,ရအောင် ကျန်းမာရေးအတွက် အထူးပြုစားသောက်စေသည်။

အစားကိုတောင် ချော့တစ်ခါ ခြောက်တစ်လှည့် ကျွေးရတဲ့ ဂျစ်တစ်တစ် ဂျစ်ကန်ကန်ဆရာလေးဟာ နွားနို့ကျိုတာကို ရပ်စောင့်နေရတဲ့ ညိုယံ့အ‌တွေးထဲ ရောက်ရှိလာသောအခါ……
.
.
.
.
.

တခေတ် ဒီအိမ်ကို စ,စရောက်ကတည်းက ချက်ပြုတ်တာကအစ လျှော်ဖွတ် မီးပူတိုက်တာအဆုံး အိမ်မှုရေးရာအဖြာဖြာကို ညိုယံ ကြည်ဖြူစွာလုပ်ဆောင်ပေးခဲ့သည်။

သို့သော်လည်း ဆရာလေးက သူ့အကျီ်ဘောင်းဘီတွေကို ဘယ်သူမှထိတာမကြိုက်လို့ သူ့ဘာသာသူလျှော်မယ်ဆိုတဲ့ တစ်ချက်လွှတ်အမိန့်ချမှတ်ခဲ့သည်။

ညိုယံလဲ လစ်ရင်လစ်သလိုလျှော်ပေးသည်။ ဒါပေမယ့် အကြောတင်းဆရာလေးက ညိုယံလျှော်ပြီးသော်ငြား ရွဲ့ကာ ရွဲ့ကာဖြင့် ထပ်လျှော်လေ၏။ သို့သော်... ညိုယံယခုထိတိုင် လျှော်ပေးနေဆဲ....တခေတ်လည်း ပြန်လျှော်ဆဲပင်.....နှစ်ဖက်လုံးအလျှော့မပေးသေး။

နောက်တစ်ခု.....ဆရာလေးက ညိုယံချက်ပေးတာတွေကိုလည်း မစားပေ။မနက်စာနှင့်ညစာကိုတော့ သူနဲ့အတူတူစားရသဖြင့် ဆရာလေး အထွန့်မတက်ရဲ။ဤသို့အထွန့်မတက်ရဲအောင်လည်း ဆရာလေးကို ညိုယံ ဆုံးမထားရသည်။

တစ်ခါ....

"တခေတ်....Breakfastစားရအောင်"

". ...."

မျက်နှာသစ်ပြီးကာစ တခေတ်.......အောက်ထပ်ဆင်းလာကာ ရေလာသောက်သည့်အချိန်တွင် မနက်စာပြင်ပြီးသည်နှင့်တန်းတိုးသည်မို့ ညိုယံခေါ်သော်လည်း အဖက်မလုပ်သည့်တခေတ်ကို မကြားဘူးအထင်နှင့် ထပ်ခါထပ်ခါ ခေါ်ခဲ့ပါ၏။

AllUWhere stories live. Discover now