AllU(2)

825 76 8
                                    

[Unicode]

"မင်္ဂလာပါ ဆရာ!!!"

"အားလုံးမင်္ဂလာပါ ထိုင်လို့ရပြီ"

ညီညီညာညာ မတ်တပ်ရပ် လက်ပိုက်ကာ နှုတ်ဆက်လိုက်တဲ့ ကလေးတွေကို အပြုံးလေးနဲ့ ပြန်နှုတ်ဆက်လိုက်တဲ့ မင်းတခေတ်...

Guideဆရာလေးအဖြစ် စာသင်သက် အတွေ့အကြုံ ဆယ်နှစ်ကျော် ရှိပြီးသည့်နောက် Mathsအထူးပြုသင်သော ဆရာအဖြစ် ရောက်ရှိလာခဲ့လေပြီ။ Maths - ဆရာမင်းတခေတ် (M.Sc(Maths)) ဆိုသော နာမည်က ကျူရှင် ကြေညာဘုတ်မှာ တင့်တယ်ခမ်းနားစွာ...

"ဆရာခေတ်ရေ.....ဒီနှစ်သကြ်န် ဆရာကြီးတို့ကျူရှင်က ဆရာ/ဆရာမတွေ တစ်နေရာရာ သွားရင် မကောင်းပေဘူးလား?"

မင်းတခေတ် ကလေးတွေကို သချာ်ရှင်းပြပြီး ပြန်တွက်ခိုင်းချိန်ခဏ ဘေးနား ဆရာကြီးရောက်လာကာ ပြောလေတော့.....

"ကောင်းသားပဲ ဆရာကြီး...နောက်လ သကြ်န်ဆိုတော့ အကုန်လုံးကို ကြိုတင်Bookingလုပ်ထားမှ ဖြစ်လိမ့်မယ်နော်..."

"အေးကွာ...ဆရာကြီးကတော့ ဆရာခေတ်တို့ သွားချင်တဲ့နေရာသာသွား လိုက်မှာပဲ...ဟား ဟား"

"အဲ့လိုမလုပ်ပါနဲ့ ဆရာကြီးရယ် တော်ကြာ ဆရာမတွေက beachတစ်ခုခု သွားမယ်ဆိုမှ ခတ်နေဦးမယ်..."

"ဟေ...အဲ့တော့လည်း ဘယ်တတ်နိုင်မလဲ သွားရတာပေါ့...ဟား ဟား..."

.
.
.
.
.
ဤသို့ဖြင့် Votingစနစ်ဖြင့် ဆုံးဖြတ်ခဲ့ရသည့် ခရီးက တကယ်လည်း ကမ်းခြေခရီးပင်...ဆရာမအရေအတွက်က ပိုများသကိုး…အဲ့ထဲ ကိုးလန့်ကန့်လန့်ပါနေသည့်ကောင်က တခေတ်သူငယ်ချင်းဇော်ရဲ။

စာသင်တဲ့အချိန် တပည့်တွေကြားထဲမှာသာ ဇွတ်တည်ငြိမ်ပြတာ ရွယ်တူဆရာ/ဆရာမတွေကြားထဲမှာတော့ တကယ့်ကောင်။ အဲ့လိုကောင်က ဖွန်ကြောင်ချင်လို့ သူပါBeachလိုက်ရွေးတာ တခေတ်သိပါ့။

တခေတ်ကတော့ ဒီလိုပင်လယ်ကမ်းခြေခရီးစဥ်တွေ မကြိုက်ပါ...ရေမှမကူးတတ်ပဲ ဘယ်ကြိုက်လိမ့်ပါ့မလဲ? ရေမကူးတတ်ဘဲ ရေထဲဆင်းစိမ်ဖို့ကလည်း အိယောင်ဝါးအလုပ် ရေစို၊ အဝတ်ပိုလဲရတာပဲ အဖတ်တင်မှာ စိုးတာကြောင့် ကမ်းစပ်နားတင် အုန်းရေလေးသောက်လိုက် ဟိုမုန့်လေးစားလိုက် ဒီမုန့်လေးစားလိုက်ဖြင့် ဟိုလျှောက် ဒီလျှောက်...

AllUWhere stories live. Discover now