Arc 3.4

2.6K 248 11
                                    

Zawgyi

Jm မတ်စ် ကိုကြည့်နေတုန်း မတ်စ်ကလှုပ်လာတယ်

Jack: ကိုကို သတိရလာပြီလား

မတ်စ်: ရေ...

Jm လည်း မတ်စ်ကို ထူပေးပြီးရေတိုက်လိုက်တယ်

Jm ရဲ့မှတ်ဥာဏ်အရ မတ်စ်က မိသားစုကို အရမ်းချစ်ပြီး မူလပိုင်ရှင်ကိုလည်း တုန်နေအောင်ချစ်တယ်။

မတ်စ်: ညီ..ညီလေး အ...အဆင်ပြေရဲ့လား

အခုပဲကြည့်လေ ဒဏ်ရာရနေတာကသူကို ကိုယ့်ကိုအဆင်ပြေလားတဲ့

Jack: ကျွန်တော်က အဆင်ပြေပါတယ် ကိုကိုရဲ့။ ကိုကိုသာ ကိုယ့်ဘာသာကိုယ်နေကောင်းအောင်နေနော်

Jm ပြောတာကို မတ်စ်က သဘောတူသလို ခေါင်းညိတ်တယ်

Jack: ဒါဆို ကျွန်တော် ကိုကိုစားဖို့အတွက် သွားပြင်ပေးမယ်နော်

မတ်စ်က စိုးရိမ်သလိုကြည့်နေတာကြောင့်

Jack: ကိုကို ကလည်းကျွန်တော်က ကိုယ့်ဘာသာကိုယ် အမဲလိုက်လို့ရတဲ့ အရွယ်ရောက်နေပါပြီ။ ပြီးတော့ ကျွန်တော် တစ်ယောက်တည်း မဟုတ်ပါဘူး။ လူကြီးလည်းပါပါတယ်။

မတ်စ်: ဘယ်က လူကြီးလည်း

Jack: ဘယ်သူရမှာလည်း ကျွန်တော့်ရဲ့ သတို့သားလောင်း နှစ်ချို့ vampire အဖိုးကြီးပေါ့

Jeon: ကိုယ့်အသက်က အဲ့လောက်လည်းမကြီးသေးပါဘူး ကလေးကလည်း

Jm တစ်ယောက်လှည့်ကြည့်လိုက်တော့ သူ့ကိုစူပုပ်ပုပ်ကြည့်နေတဲ့ vampire အိုကြီး။ နှုတ်ခမ်းကို စူချင်ပေမယ့် အစွယ်နှစ်ချောင်းက ထွက်နေတော့ စူမရပြုမရဖြစ်နေပုံက ရီချင်စရာကောင်းနေတယ်

နောက်ဆုံး jm မအောင့်နိုင်ဘဲ

ဟား....ဟား....

Jeon ကတော့ တဖြည်းဖြည်းမျက်နှာကြီးနီရဲလာပြီး

Jeon: တော်တော့....ကလေးရာ ဘာရီစရာမှလည်းမပါဘဲနဲ့

Jack: လူကြီးရဲ့ မျက်နှာကြီးက ရီနေရတာကို။

Jeon တစ်ယောက် ညစ်ကျယ်ကျယ်ပြုံးပြီး

Jeon: ရီပဲရီရတာလား။ ချစ်ဖို့ရောမကောင်းဖူးလား ကလေးရဲ့

လို့ပြောပြီး jm ရဲ့ နှုတ်ခမ်းလေးကို ခပ်ဖွဖွလေးနမ်းလိုက်တယ်

System13Where stories live. Discover now