Arc 2.7

3.2K 273 23
                                    


Zawgyi

Jk: လွမ်းလိုက်တာ

အပါယ်ခံဆောင်က ကောင်လေးတစ်ယောက်ကတော့ မနေ့ကလေးတင် တွေ့လိုက်ရတဲ့ ဦးရီးတော်ကို လွမ်းနေသတဲ့

Jk ဆရာ့ဆီမှ ပညာတွေအကုန်သင်ပြီးသွားတဲ့အတွက် အပါယ်ခံအဆောင်မှာပဲ သောင်တင်နေသည်။ ဦးရီးတော်ဆီ သွားချင်ပေမယ့် အပါယ်ခံအဆောင်ကနေ ဘယ်မှမသွားရတာကြောင့် ငြိမ်နေရတယ်။

ထိုအချိန်မှာ

* မင်းကြီးအမိန့်တော်..........
မင်းသားလေးကို ယနေ့မှစ၍ အိမ်ရှေ့စံရာထူး ပေးအပ်ပြီး အိမ်ရှေ့စံအဆောင်တော်ကို ပြောင်းရွေ့စေ။ *

Jk လည်းရုတ်တရက်ကြောင်အသွားပြီး
မတ်တပ်ရပ်နေမိသည်။

ထိုအခါ အထိန်းတော်ကြီးမှ

* အမိန့်ကို မနာခံသေးဘူးလား *

Jk လည်းထိုအခါမှ ဒူးထောက်ပြီး အမိန့်ကို လက်ခံကြောင်း ပြောကာ ခြေလှမ်းတွေက ဦးရီးတော် အဆောင်တော်ဆီကို အပြေးလေးသွားမိသည်။

______________________________________

Jm တစ်ယောက် အခုအချိန်ဆို အမိန့်ကို ကြေညာပြီးလောက်ပြီလို့ တွေးပြီးပြုံးနေမိသည်။

* မင်းကြီး အိမ်ရှေ့စံ တွေ့ခွင့်တောင်းပါတယ်*

Jm တစ်ယောက်ပြုံးဖြဲဖဲ ဖြစ်နေသော မျက်နှာက်ိုတည်လိုက်ပြီး

* အဟမ်း.....ဝင်ခွင့်ပေးလိုက် *

Jk တစ်ယောက် အခန်းထဲဝင်သွားတော့ စားပွဲပေါ်မှာ စာအုပ်ဖတ်နေတဲ့ ဦးရီးတော်ကို တွေ့ပြီး ပြေးဖက်လိုက်တယ်။

Jk: ဦးရီးတော် kookie အိမ်ရှေ့စံမင်းသား ပြန်ဖြစ်ပြီပေါ့နော်။

Jm: အင်း.....အစထဲက kookie က အိမ်ရှေ့စံပါပဲ။ ပြဿနာတွေကို ဖြေရှင်းဖို့အတွက် အရွယ်ငယ်သေးလို့သာ ဦးရီးတော်က ကာကွယ်ပေးထားတဲ့ သဘောပါ

Jk: ဒါဆို kookie ဦးရီးတော်နဲ့ အတူနေလို့ရပြီပေါ့

Jm: ဟမ်..အတူ..အတူနေမယ် ဟုတ်လား

Jk: ဟင့်...ဦးရီးတော်က kookie လေးနဲ့ အတူမနေချင်လို့လား....

Jm: မဟုတ်...မဟုတ်ပါဘူး kookie လေးရဲ့။ ဒါကဒီလို ရှိတယ်လေ။ ဟိုဟာ....kookie ဘေးက အရွယ်လည်းရောက်နေပြီ ပြီးတော့
kookie လေးမှာ အိမ်ရှေ့စံအဆောင်တော်လည်းရှိ...ရှိ...

System13Where stories live. Discover now