Arc 3.6

2.3K 236 11
                                    

Unicode

အဲ့နေ့က ကျွန်တော်နဲ့ သူနဲ့စတွေ့တဲ့နေ့။ တောထဲမှာအမဲလိုက်ဖို့ သားကောင်ကိုချောင်းနေရင်း တစ်ကောင်လုံး စွတ်စွတ်ဖြူနေတဲ့ wolf တစ်ကောင်ကိုမြင်လိုက်ရတယ်။အပြာရောင်မျက်လုံးတွေက အကြည့်မလွဲနိုင်လောက်အောင် စူးရှလွန်းတယ်။

Alpha တစ်ကောင်ဖြစ်တဲ့ black-wolf တစ်ကောင်အဖို့ white-wolf alphaတစ်ကောင်ကို ရင်ခုန်နေတာ မဖြစ်သင့်ဘူး

ကျွန်တော်နာမည်က ဂျက်စတင် black-wolf leader ရဲ့ တစ်ဦးတည်းသောသား။ ဘယ်သူတွေပဲ ဖြစ်ဖြစ် black-wolf ဆိုတာနဲ့ ရှောင်ထွက်သွားကြတယ်

တေလာကလုံးကို ရှင်းပြချင်တယ်။ ကျွန်တော်တို့က သူတို့ထင်သလို မယုတ်မာဘူးဆိုတာ

ကျွန်တော်လည်း အပေါင်းအသင်းလိုချင်တယ်။တခြားမျိုးနွယ်တွေရဲ့ ကြောက်ရွံပြီးရွံရှာသလို အကြည့်တွေကို မခံစားနိုင်တော့ဘူး

ပြီးတော့ မျိုးနွယ်စုခေါင်းဆောင်ရဲ့ သားဆိုတဲ့ရာထူးကြောင့် မျိုးနွယ်တူတွေရဲ့ လေးစားမှုကိုသာခံရတယ်။ကျွန်တော့်ဘဝကို နွေးထွေးမှုပေးတာဆိုလို့ အဖေတစ်ယောက်သာကျန်တော့တယ်။

ငယ်ငယ်တည်းက ဆုံးသြားတဲ့ အမေကိုလွမ်းတိုင်း မျက်ရည်ကျချင်ပေမယ့် အဖေရဲ့ မျိုးနွယ်စုခေါင်းဆောင်တစ်ယောက်က မေပ်ာ့ညံရဘူးဆိုတဲ့ စကားတစ်ခွန်းအောက်မှာ ပျောက်ဆုံးသွားရတယ်

နောက်ပိုင်း ကျွန်တော်တို့ရဲ့ black-wolf မျိုးနွယ်တွေက တစ်ယောက်ပြီးတစ်ယောက်ပျောက်ဆုံးသွားတယ်

အဖေကစုံးစမ်းပေးမယ့် သတင်းအတိအကျမရဘူး။ ပြီးတော့ black-wolf မျိုးနွယ်တွေက အခြားမျိုးနွယ်တွေကို တိုက္ခိုက္တယ္ဆိုတဲ့ သတင်းတွေထွက်လာတယ်

မလုပ်ဘူးလို့ရှင်းပြချင်ပေမယ့် ဘယ္သူကမွ မယုံကြည်တဲ့အပြင် ပိုလို့တောင် ရှောင်ဖယ်သွားကြတတယ်

ဒါပေမယ့် မတ်စ် ခင်များက ကျွန်တော်ဘဝမှာ အလိုချင်ဆုံးသော နွေးထွေးမှုလေးပဲ

ခင်များမှာ ကျွန်တော့်ကိုမုန်းပိုင်ခွင့် မရှိဘူးလေ

စိတ္ခ်ပါ.....ကျွန်တော် ဒီကိစ္စတွေအကုန်ဖြေရှင်းပြီးတာနဲ့ ခင်များကကျွန်တော့်အပိုင်ဘဲ

System13Where stories live. Discover now