Arc 2.1

3.8K 343 0
                                    

Jm:အား...........ထယ်ထယ်မင်းတို့ဟာကလည်းကူးပြောင်းတိုင်းနာရလားကွ

Tt:sorry ပါ host အမှန်တကယ်တော့ တမင်နာအောင်လုပ်ထားတာပါ

Jm ကတော့ပြုံးပြုံးလေးနဲ့ လက်ကလေးထောင်ပြလိုက်ပါတယ်
Fuck...

Tt:ဆဲပြန်ပြီ

Someone:အရှင်မင်းကြီး သတိရလာပါပြီလား

Jm တစ်ယောက်အသံကြားမှ ပတ်ဝန်းကျင်ကိုကြည့်လိုက်မိတယ်။ရွှေရောင်လွှမ်းနေတဲ့ ဆောင်တော်ကြီးထဲက ကုတင်ကြီးပေါ်မှာ လှဲနေမိကြောင်းသိရသည်။

ဒီလိုနဲ့ပဲဇာတ်ကြောင်းကို လက်ခံလိုက်တယ်။ဒီကမ္ဘာက ဇာတ်လိုက်က အပယ်ခံမင်းသားလေးတစ်ယောက်။ဟိုရှေးရှေးတုန်းက ရှီလာတိုင်းပြည်ကြီးကို မင်းကောင်းမင်းမြတ်တစ်ပါး အုပ်စိုးတယ်။ထိုမင်းကြီးမှာ မိဖုရားတစ်ပါးပဲရှိပြီး မိဖုရားကလည်း သားတော်လေးကို မွေးဖွားပြီး ချက်ချင်းဆုံးပါးသွားသည်။မင်းကြီး ကံတော်ကုန်ခါနီး အချိန်မှာတောင် မင်းသားလေးက အသက် ၈ နှစ်အရွယ်ပဲရှိသေးတယ်။ဒါကြောင့် တိုင်းပြည်ကိုအုပ်ချုပ်ဖို့ တစ်ဦးတည်းသောညီငယ်ကို ထီးနန်းလွဲခဲ့ပြီး မင်းသားလေးကို အိမ်ရှေ့စံ နေရာထားခဲ့သည်။

ဒါပေမယ့် ဦးရီးတော်က ယုတ်မာကောက်ကျစ်တဲ့ သူတစ်ယောက်ဖြစ်တယ်။ မင်းသားလေး အသက်ကြီးလာရင် ထီးနန်းပြန်လွဲပေးရမှာ ကြောက်လို့ ဘုရင်ဖြစ်ပြီးတစ်နှစ်အကြာမှာ ထောင်သွင်းအကျဉ်းကျထားပြီး ကြိမ်ဒဏ်များကို ခံယူစေသည်။ကြိမ်ဒဏ်များကြောင့် မင်းသားလေးကြီးလာသည် အထိ နောက်ကျောမှာ အမာရွတ်များက နေရာယူထားပြီး ထိုဒဏ်ရာတွေကို မြင်တိုင်း ဦးရီးတော်ကို မုန်းတီးစေသည်။စာပေပညာ ကိုလည်းမသင်ပေးသည့်အပြင် ကိုယ်ခံပညာကိုပါ ချန်လှပ်ထားတာကြောင့် အသုံးမကျသော မင်သားအဖြစ်သာကြီးပြင်းလာရတယ်

ဦးရီးတော်က တိုင်းပြည်ကိုကောင်းကောင်း မအုပ်ချုပ်ဘဲနဲ့ အပျော်အပါးမက်ကာ စည်းစိမ်ကိုသုံးဖြုန်းပြီး ပြည်သူတွေကို အခွန်ငွေတိုးကောက်လို့ မင်းဆိုးမင်းညစ်တစ်ပါးဖြစ်လာတယ်။

နောက်ဆုံးမင်းသားလေးကို သေမိန့်ပေးလိုက်တယ်။ဒါပေမယ့် မင်းသားလေးက ဘယ်သူမို့လို့လဲ။ ဇာတ်လိုက်လေ။ဇာတ်လိုက် ဆိုတဲ့ အမျိုးက ချီးတွင်းထဲ ကျရင်တောင် ရွှေတွင်းအဖြစ်ပြောင်းသွားတာမျိုး။မင်းသားလေး သေဒဏ်အမိန့်ကြောင့် ထွက်ပြေးလာရင်း အမတ်ချုပ်က ကယ်ပေးထားတယ်။အမတ်ချုပ်ကြီးက မင်းသားလေးကို ကယ်ပေးထားရင်း မင်းသားတွေတပ်အပ်တဲ့ အတတ်ပညာကို သင်ကြားပေးတယ်။မင်းသားလေးက ထက်မြက်လွန်းတဲ့ အတွက်ကြောင့် ပညာရပ်တွေကို အလွယ်တကူတတ်မြောက်တယ်။ပညာတွေသင်ရင်း အမတ်ချုပ်ကြီး သမီး ဇာတ်လိုက်မနဲ့တွေ့ပြီး ဇာတ်လိုက်မရဲ့ နှစ်သိမ့်မှုတွေအောက်မှာ ကြွေဆင်းခဲ့တယ်။

System13Where stories live. Discover now