Arc 4.4

2.5K 274 18
                                    

Unicode:

ဒီလိုနဲ့ jm တစ်ယောက် ဇာတ်လိုက်ခေါ်ရာနောက်ကိုလိုက်ခဲ့သည်။

အခုဆိုရင် ဇာတ်လိုက်တို့ စခန်းရောက်တော့ လူတွေက jm ကိုဝိုင်းကြည့်ပြီး တိုးတိုးပြောနေကြတယ်

ခရစ်စတို: အဟမ်း.....အဟမ်း.....အားလုံးဘဲ ဒိိီ zombie လေးကို ကျွန်တော်ခေါ်လာတာ။ ပြီးတော့ ဒီကောင်လေးနဲ့ ပတ်သတ်ပြီး ကိစ္စအဝဝကို ကျွန်တော် တာဝန်ယူတယ်။ လက်မခံချင်တဲ့သူ ရှိလား

နားထောင်နေတဲ့ လူတွေထဲက တစ်ယောက်ကနေပြီးတော့

" တ..တကယ်လို့ လက်မခံရင်ရော "

ခရစ်က နှုတ်ခမ်းတွန့်ရုံပြုံးပြီးတော့

" အဲ့ဒါဆိုရင်တော့ ကျွန်တော် ဒီစခန်းက ထွက်မယ် "

ခရစ်ပြောပြီးချင်းချင်း လူအုပ်ကြီးက ဆူညံလာတယ်

ဂျိမ်း: တကယ်လို့ ခေါင်းဆောင် ထွက်သွားရင် ကျွန်တော်ရောလိုက်သွားမှာ

အဲ့အခါမှ လူအုပ်ကြီးက
" ခေါင်းဆောင်ရော...ဒုခေါင်းဆောင်ရော ထွက်သွားလို့ကတော့ ဘယ်ဖြစ်မလဲ။ ''

ခရစ်: အဲ့တာဆိုရင် လက်ခံတယ်ပေါ့

" လက်....လက်ခံပါတယ် "

ခရစ်ပြောပြီးချင်းချင်း zombie လေးကို လက်ဆဲဲပြီး သူ့နေတဲ့ အဆောင် ထဲကိုခေါ်သွားတယ်

ဒီမြင်ကွင်းကို ကွယ်ရာကနေ လက်သီးတင်းတင်းစုပ်ပြီးချောင်းကြည့်နေတဲ့ ကောင်မလေးကို ဘယ်သူမှ သတိမထားမိခဲ့ဘူး......လို့ထင်နေလား။

Jm ကတော့ အဲ့ကောင်မလေးကိုကြည့်ပြီး ခနဲ့ပြုံးပြုံးလိုက်တယ်

ဘယ်လိုလဲ...ဇာတ်လိုက်မက သူ့ကိုမြင်တော့ ဖြစ်ပျက်နေလိုက်တာများ...ဟမ့်...မကြာခင်တွေ့ကြတာပေါ့

ခရစ်စတိုရဲ့ အခန်းထဲကိုရောက်တော့

ခရစ်: ခွေးပေါက်လေး ကြောက်နေသေးလား။မပူပါနဲ့ ကိုယ်ကခွေးပေါက်လေးကို ကာကွယ်ပေးမှာ သိလား

Jm စိတ်တိုတိုနဲ့ ပုခုံးကို ကိုက်လိုက်တယ် ။ တကယ်တော့ သာသာလေးကိုက်လိုက်တာပါ။ပေါက်သွားလို့ virus ကူးသွားရင် ဘယ်လိုလုပ်မတုန်း

System13Where stories live. Discover now