Arc 1.8

3.6K 329 7
                                    

Jk: ကိုယ် baby ကိုချစ်တယ်။arnyi ချစ်တာထက်ပိုပြီးမြတ်နိုးတယ်။baby ကိုအထိအခိုက်မခံရအောင် baby ရှေ့ကနေတံတိုင်းကြီးလိုကာကွယ်ပေးချင်တယ်။baby ဝမ်းနည်းနေတဲ့အခါကိုယ့်ရင်ခွင်ထဲထည့်ပြီး baby ကိုနှစ်သိမ့်ပေးချင်တယ်။ဒီတစ်ဘဝစာအတွက်မဟုတ်ဘဲ ဘဝဆက်တိုင်းအတွက် baby ကိုကိုယ်မြတ်နိုးတယ်။ကျေးဇူးပြုပြီးကိုယ့်ရဲ့ မြတ်နိုးခြင်းတွေကို baby လက်ခံပေးပါ။

Jmတစ်ယောက်ရုတ်တရက်ပြောစရာစကားမဲ့သွားတယ်။ရင်ဘတ်ထဲကကောင်ကလည်းသခင်ရဲ့အမိန့်ကိုမနာခံနိုင်လောက်အောင်တဒိတ်ဒိတ်ခုန်နေတယ်။အခြားသူတွေသာရှိရင်တော့ jm မျက်နှာကြီးတစ်ခုလုံးရဲနေတာကိုမြင်ရပါလိမ့်မည်။jk ကသူ့ကိုထင်ထားတာထက်ပိုပြီးချစ်ပေး၊မြတ်နိုးပေးတဲ့အတွက်ကြောင့်ပျော်မိပေမယ့်သူကရော jk ကိုချစ်ရဲ့လား။တကယ်လို့ သူ jk ကိုချစ်ရင်ခံစားရမယ့်သူကသူပဲလေ။jkကပုံရိပ်ယောင်တစ်ယောက်။jmကတစ်ခြားကမ္ဘာကိုကူးပြောင်းသွားရင် jk ကိုပြန်တွေ့ဖို့မဖြစ်နိုင်တော့ဘူး။သူသာ ကမ္ဘာတစ်ခုကူးပြောင်းတိုင်း jkကိုသတိရနေမှာ။တွေးရင်းမျက်ရည်ဝဲမိပြန်ပြီ။

Jkလည်းjmမျက်ရည်ဝဲနေတာကိုတွေ့ပြီးတော့
ဘာလည်း baby ကကိုယ့်ကိုပြန်မချစ်နိုင်လို့လား။အဲ့လိုတော့မရဘူး။ကိုယ့်ဘဝမှာလိုတိုင်းရပေမယ့် ကိုယ်အလိုချင်ဆုံး၊ကိုယ်တန်ဖိုးအထားဆုံးက မင်းပဲ baby။ကိုယ် baby ကိုလက်လွတ်မခံနိုင်တာမလို့ ကိုယ့်ကိုငြင်းဖို့မကြိုးစားပါနဲ့ baby

Jk:baby အတွက်လည်းစဉ်းစားချိန်လိုမှာပေါ့။စဉ်းစားပါ baby။အဖြေကိုမနက်ဖြန်မနက်ကျောင်းရောက်မှပေးပေါ့

Jmတစ်ယောက်ဝမ်းနည်းတာတောင်ဘယ်ပျောက်သွားလည်းမသိတော့ဘူး။စဉ်းစားချိန်အကြာကြီးပေးလို့ကျေးဇူးတင်စကားပြောလိုက်ရမလား။

Jm:ဟို...ဟိုလေ အချိန်က..

Jk:ရတယ် baby ခေါင်းရှုပ်မခံပါနဲ့။တစ်ညတောင်စဉ်းစားချိန်ရှိတာပဲ။ဒါပေမယ့် baby ပေးရမယ့်အဖြေက yes or ok နှစ်ခုထဲကကြိုက်တာရွေး။ကိုယ်ဘာဖြစ်ဖြစ်လက်ခံပေးမှာမို့။

Jkပြောပြီးချင်းချင်းကားကိုပြန်မောင်းလိုက်တယ်။jm တစ်ယောက် jk ရဲ့သဘောထားကြီးမှုကြီးကိုမလေးစားပဲမနေနိုင်လောက်အောင်ဖြစ်နေသည်။အရေးထဲ ထယ်ထယ်ကလည်း

System13Tempat cerita menjadi hidup. Temukan sekarang