Arc 3.8

2.2K 211 4
                                    

Unicode:

ဂျက်စတင် တစ်ယောက် ပျောက်ဆုံးနေတဲ့ black-wolf တွေကိုလိုက်ရှာရင်း hunter တွေဆီကိုရောက်လာတယ်

hunter တွေဆိုတာ လူတွေပဲ ဖြစ်တာကြောင့် ဂျက်စတင် တစ်ယောက်ကြောင်အသွားတယ်

ဒါပေမယ့် လိုက်ရှာရင်း နဲ့ အိမ်အပျက်ကြီးတစ်ခုရှေ့အရောက် black- wolf တစ်ချို့ရဲ့ အနံ့ကိုရတဲ့ အတွက်ကြောင့် အရဲစွန့်ပြီး အိမ်ထဲကို ဝင်လိုက်တယ်

အိမ်အဟောင်းကြီး ဖြစ်တဲ့ အတွက် ဘာမှထူးခြားတာ မရှိသော်လည်း အနံ့ကတော့ ရနေသေးသည်။

အနံ့ခံရင်း နံရံတစ်ခုအနားအရောက် အနံ့ကပိုပြင်းလာတယ်။ သံသယဝင်စရာကောင်းတဲ့ နံရံကို တစ်ချက်ကြည့်ပြီးတဲ့နောက်မှာတော့ နံရံကို အသာခေါက်ကြည့်လိုက်တယ်

နံရံအနောက်မှာ အခေါင်းပေါက်ကြီးရှိနိုင်တယ်လို့တွေးပြီး ထူးခြားချက်ကို လိုက်ရှာကြည့်လိုက်တော့ နံရံမှာထောင်ထားတဲ့ ​လေးကိုတွေ့တယ်

အဲ့ဒါနဲ့ လေးကိုဖြုတ်လိုက်တော့ နံရံက အထဲကို ချိုင့်ဝင်သွားပြီး လူသွားလမ်းတစ်ခုပေါ်လာတယ်

ဂျက်စတင် တစ်ယောက် လူသွားလမ်းအတိုင်းလျှောက်လာပြီး တစ်နေရာအရောက်မှာတော့ ခြေလှမ်းတွေတောင် ခွေယိုင်ချင်သွားတယ်

သူတို့မျိုးနွယ်တွေကို သံလှောင်အိမ်ထဲမှာ ဖမ်းချုပ်ထားပြီး လည်ပင်းတွေကိုလည်း သံကြိုးတွေနဲ့ ချုပ်နှောင်ထားတယ်

ဖမ်းခံရတဲ့ သူတွေက အသိစိတ်လွတ်နေလို မြင်မြင်ရာ ရန်ရှာနေတဲ့ တောရိုင်းတိရစ္စာန်တွေလိုဘဲ သူ့ကိုမြင်တာနဲ့ မာန်ဖီနေကြတယ်

ဂျက်စတင်တစ်ယောက် မျက်ရည်တွေပင် ဝဲလညတယ်။သူအသုံးမကျလို့ သူမကာကွယ်နိုင်ခဲ့လို့ သူတို့မျိုးနွယ်တွေက အိမ်မွေးတိရစ္စာန်လို ဖမ်းချုပ်ခံနေရတာ

ဒါတောင်မှ သူ့ကိုယ်သူ မျိုးနွယ်စုခေါင်းဆောင်လို့ ခေါ်နိုင်ပါဦးမလား။ ဖမ်းခံရတဲ့ သူတွေထဲမှာ ဝံပုလွေပေါက်စလေးတွေပင် ပါနေသေးသည်

" နောက်ဆုံးတော့ ရောက်လာပြီပေါ့ "

ဂျက်စတင် အသံကြားလို့ လှည့်ကြည့်လိုက်ရာ

System13Where stories live. Discover now