Arc 3.9

2.3K 228 18
                                    

Unicode:

Jm လည်း မတ်စ်ကို အကြံဉာဏ်ပေးပြီးတဲ့နောက်မှာတော့ ဇာတ်လိုက်မဆီ သွားလိုက်တယ်

ဟိုရောက်တော့ ဇာတ်လိုက်မက နိုးနေပြီ။ အခန်းထဲကို လဒကြီး လည်လိမ်နေသလို ဟိုကြည့်ဒီကြည့်လုပ်လေနေရဲ့

Jack: အဟမ်း....

Jm အသံပေးလိုက်တော့ ဇာတ်လိုက်မက လှည့်ကြည့်ပြီး jm ကိုမြင်လိုက်တော့ မျက်နှာမှာ အလိုမကျမှုကြီး ဖြတ်ပြေးသွားတယ်

Jm လည်းနှာခေါင်းကို ရှုံ့လိုက်ပြီးတော့

Jack: မင်း...သတိရလာပြီလား။
သတိရပြီဆိုတော့ မင်းဘာကြောင့်တောထဲရောက်နေရတာလဲဆိုတာ ပြောပြသင့်ပြီထင်တယ်

Jm မေးနေသော်လည်း အနှီးဇာတ်လိုက်မက jm အနောက်ကို လှမ်းလှမ်းကြည့်နေသေးသည်

Jack: မင်း ဘယ်ကိုကြည့်နေတာလဲ

ဝင်ဒီ: ဟို...ဟို...တောထဲမှာတွေ့ခဲ့တဲ့ အကိုကြီးကို ရှာနေတာပါ။ မနေ့က အထင်လွဲသွားတော့ တစ်ခါတည်း ရှင်းပြရအောင်လို့ပါ

Jm's pov: အဲ့ကောင်မကို မနေ့က လည်ပင်းညှစ်နေကတည်းက မတားလိုက်ရမှာ။ ဟိုကသူ့ကို မသေရုံတမယ် လည်ပင်းညှစ်သွားတာကိုတောင်မှ လင်တရူးချင်နေသေးတယ်။

Jack: မင်းရှာနေတဲ့သူက ငါ့နဲ့မကြာခင်လက်ထပ်တော့မယ့် ငါ့ခင်ပွန်းလောင်း။ အဲ့ဒါကြောင့် မင်းပြောတာကို ငါကပြန်ပြောပေးလည်းရတယ်။ ငါ့ခင်ပွန်းလောင်းက ငါ့ကို အရမ်းချစ်တော့ မင်းရှင်းပြတာထက် ငါရှင်းပြတာပိုပြီးထိရောက်တယ်

Jm စကားလည်းဆုံးရော ဇာတ်လိုက်မမျက်နှာက ခရမ်းချဉ်သီးလှည်းနဲ့တက်ကြိတ်သလို ရှုံ့မဲ့သွားတယ်

ဝင်ဒီ: ညီမနာမည်က ဝင်ဒီပါ။ ညီမက မိဘမဲ့တစ်ယောက်ဆိုတော့ ပတ်ဝန်းကျင်ရဲ့ အနိုင်ကျင့်တာကိုခံရလို့ မြို့ပြင်မှာ တစ်ယောက်ထဲနေပါတယ်။ တစ်ခါတစ်လေတောထဲက ဆေးမြစ်တွေကို ယူရောင်းပြီး စီးပွားရှာရပါတယ်။ အဲ့တာမနေ့က ဆေးမြစ်ရှာနေရင်း လမ်းမှားပြီး တောနက်ထဲကို ရောက်လာတာပါ

Jack: aww......ဒါပဲလား

ဝင်ဒီ: ဟုတ်....ဟုတ်ကဲ့.....ဒါပါပဲရှင့်

System13Where stories live. Discover now