Arc 4.1

2.8K 238 6
                                    

Unicode

Jm တစ်ယောက် အကသင်ပြီးပြန်ထွက်လာတော့ 10 နှစ်တောင်ရှိပြီဖြစ်သည်

Tt: host....ပြန်လည်ကြိုဆိုပါတယ်..အဟမ်း

Jm: ဘာဖြစ်လို့လဲ

အခုဆိုရင်တော့ ​အဖြူရောင်ဝိဥာဥ်ကောင်လေးရှေ့မှာ ခုန်ဆွခုန်ဆွလုပ်နေတဲ့ အဖြူလုံးလေးကိုမြင်ရမှာဘဲဖစ်ပါတယ်

Tt: နောက်ကမ္ဘာကို ကူးပြောင်းဖို့အတွက်အဆင့်သင့်ဖြစ်ပြီလား host

Jm: အင်း

Tt: ကူးပြောင်းမှုစတင်ပါပြီ...1.....2......3....

__________________________________<<

အမ်....jm တစ်ယောက် မျက်လုံးဖွင့်ပြီး ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ ကစားကွင်းတစ်ခုမှာရောက်နေသည်

အသံတွေအားလုံး တိတ်ဆိတ်နေတာမှ သရဲပင်ခြောက်မတတ်။ သေချာအောင် အပေါ်ကိုမော့ကြည့်လိုက်တော့လည်း နေ့ခင်းဘက်ကြီးပါ

Jm: ထယ်ထယ်....ငါ့ကို ဇာတ်ကြောင်းပေးတော့

Tt: ဇာတ်ကြောင်းကူးပြောင်းပြီးပါပြီ

Jm ခေါင်းထဲကို ပုံရိပ်တွေအလုအယက်ဝင်လာတာကြောင့် မျက်စိကိုပိတ်လိုက်မိသည်။

Jm အခုရောက်နေတဲ့ ကမ္ဘာကြီးက zombie ပျက်ကပ်ဆိုက်နေတဲ့ ကမ္ဘာကြီး။

ဇာတ်လိုက်ကတော့ ဒီကမ္ဘာရဲ့ စစ်တပ်ဗိုလ်ချုပ်ကြီးဖြစ်တဲ့ ခရစ်စတို ။ ဇာတ်လိုက်မကတော့ လက်ထောက်ဆေးသုတေသန တစ်ယောက်ဖြစ်တဲ့ မာရီယာ။ ဇာတ်လိုက်က သုတေသီတွေအားလုံးကို ဖြေဆေးတီထွင်ခိုင်းခဲ့သည်

နောက်ဆုံးမှာတော့ ဇာတ်လိုက်မက ဖြေဆေးကို ထွင်နိုင်ပြီးတော့ ဇာတ်လိုက်နဲ့အတူ ကမ္ဘာကြီးကို ကယ်တင်နိုင်ခဲ့သည်

ဇာတ်လိုက်နဲ့ ဇာတ်လိုက်မကတော့ ကမ္ဘာကြီးကို ကယ်တင်ခဲ့အတွက် လူအများရဲ့လေးစားမှုကို ခံရပြီး တသက်လုံးပျော်ပျော်ရွှင်ရွှင်နေထိုင်သွားကြသတဲ့

ဇာတ်လမ်းကတော့ ဒါပါဘဲ။ ဒါဆို ဘာကလိုနေတာတုန်း။ ဟုတ်ကဲ့ တကယ်တော့ ဖြေဆေးကို တီထွင်လိုက်တာက ဇာတ်လိုက်မ....မဟုတ်ပါဘူး။ ဇာတ်လိုက်မနဲ့ အလုပ်အတူဝင်ခဲ့တဲ့ လက်ထောက်လေးရှိန်း​က တီထွင်လိုက်တာပါ။ ဒါပေမယ့် နဂိုတည်းက ရှိန်းက လူကြောက်တတ်ပြီး တစ်ယောက်တည်းအေးအေးဆေးဆေးနေတတ်သူဖြစ်တယ်။ဖြေဆေးထွင်ပြီးတော့ ရှိန်းက ဇာတ်လိုက်မကို အရင်ဆုံးပြောပြလိုက်တယ်

System13Where stories live. Discover now