Arc 4.2

2.5K 232 20
                                    

Unicode

ထယ်ထယ်❗❗❗

Jm တစ်ယောက် ဒေါသထွက်ထွက်နဲ့ ထယ်ထယ်ကို အပြင်မှာပါ အော်ခေါ်လိုက်မိတယ်

" သစ်ရွက်ပဲ......ထယ်ထယ်ရေ မင်းကို ယုံမိတဲ့ငါကိုက မှားတာ fu*kပဲ "

ဟုတ်ကဲ့.....ဒါကတော့ ထယ်ထယ်ကို jm စိတ်ထဲမှ ကျိန်ဆဲနေခြင်းဖြစ်ပါသည်

ထယ်ထယ်သာ jm နဲ့စိတ်ချင်းမဆက်ထားဘူးဆိုရင် ဘာတစ်ခွန်းမှနားလည်မည်မဟုတ်

ဘာကြောင့်လဲဆိုတော့ အပြင်မှာထွက်နေတဲ့ jm အသံက

" ဂါး....ဂီး... "

Jm: ထယ်ထယ်....မင်းကွာငါက ဒီပုံစံနဲ့ ငါ့ချစ်သူကိုဘယ်လိုသွားရှာရမှာတုန်း။ငါ့ချစ်သူက ဘဝအဆက်ဆက် ဇာတ်လိုက်ဖြစ်ခဲ့တာကွ။ အခုနေသာ ငါ့ကိုတွေ့လို့ကတော့ ချက်ချင်းပစ်သတ်လောက်တယ်

Tt: host.....ကလည်း host ချစ်သူကို အချစ်စမ်းလို့တောင်ရသေးတယ်

Jm: ချီး....မို့လို့ အချစ်စမ်းလို့ရမှာလားကွ

Tt: host ကလည်း ဒါက...

Jm: ဘာလဲ....အထက်အမိန့်လို့ပြောဦးမလို့လား။ အထက်....အထက်နဲ့ အဲ့အထက်ကိုလည်း ကျောက်သင်ပုန်းဘဲ

Tt: စိတ်လျှော့ပါ host အခု mission ကိုပြောပြပါမယ်

Jm: ငါ့ပုံစံက mission နားထောင်ဖို့ အသင့်ဖြစ်နေတယ်ထင်လား

ဟုတ်တယ်...စစရောက်ခြင်း ဒီတစ်ခေါက်က အသတ်မခံရလို့ လွတ်ပြီမှတ်တယ်။

ဘာတဲ့ * ထသွားမှအကျိုးမှန်းသိ * ဆိုသလို ဘဲ လမ်းလျှောက်လိုက်မှ ကိုယ့်ကိုယ်ကို zombie ဖြစ်နေမှန်းသိတယ်

နေဦး mission ထက်အရေးကြီးတာက ငါက zombie ဆိုတော့ မျက်နှာမှာသွေးတွေနဲ့ ရုပ်ဆိုးဆိုးကြီးပေါ့။ ဇာတ်ကားတွေထဲကလိုဆိုရင် မျက်နှာမှာလည်းအကြောတွေနဲ့ ကြောက်စရာဖြစ်နေမှာပေါ့။ အောင်မလေး kookie နဲ့တွေ့လို့ ဟိုက လန့်သွားရင် ဘယ်နှယ့်လုပ်မတုန်း။ ထယ်ထယ် ဆီကရုပ်ရည်မြှင့်တင်ဆေးတောင်းဦးမှပါ

သူ့ host ရဲ့ အတွေးတွေကို ကြားနေရတဲ့ ထယ်ထယ်လေးခမျာမှာတော့ သွေးအန်နေသည်။

System13Where stories live. Discover now