Arc 4.3

2.3K 245 14
                                    

Unicode

Jm: ထယ်ထယ် အရင်တုန်းက ငါဘယ်လိုသေတာလဲ

Tt: host...he...hee😁

Jm တစ်ယောက် ကျက်သီးပင်ထသွားတယ်။ငါသိနေတယ်နော်။ ဒါကောင်းတဲ့ ရီခြင်းတော့မဟုတ်ဘူး။

Tt:  host ဝင်ထားတဲ့ ဇာတ်ကောင်က ဇာတ်လိုက်တို့ ကယ်ဆယ်ရေးလာတဲ့ အချိန်နဲ့တိုးပြီး ဇာတ်လိုက်ကိုယ်တိုင် သတ်ပစ်ခဲ့တာပါ

Jm: ဟူး......စိတ်လျှော့ စိတ်လျှော့ ဒေါသထွက်တာမကောင်းဘူး။ဒါဆို ကယ်ဆယ်ရေးက ဘယ်နေ့လဲ။

Tt: 😁😁 ဒီနေ့ပါ host 😁😁 ဟော ဇာတ်လိုက်တို့က host ရဲ့ ပေ 40 အကွာမှာရောက်နေပါပြီ

ထယ်ထယ်❗❗❗❗❗❗❗

Tt: host....line ပိတ်ပါပြီ ti...ti

Jmရုတ်တရက်ပြေးမယ်ကြံတော့လည်းပြေးမရ

* ချီးပဲ....ထယ်ထယ် မင်းပြန်ပေါ်လာတာနဲ့ ငါနဲ့တွေ့မယ် *

တဖြည်းဖြည်း အနောက်က ခြေသံတွေကြားလာတယ်

ကြည့်ရတာ ဇာတ်လိုက်တို့ ရောက်ပြီနဲ့ တူတယ်ထင်တယ်

* အူးဝါး....ငါသေတော့မှာလား။ ပြေးလို့လည်းမရဘူး။အရေးအ​ကြောင်းဆို ဒီသောက်ခြေထောက်တွေက လေးနေသေးတယ် ။ကြံစမ်း....*

နောက်ဆုံး jm တစ်ယောက်ကြံရာမရတော့တဲ့အဆုံး ဇာတ်လိုက်တို့ဘက်ကို မျက်နှာမူလိုက်တယ်။

ရုပ်ကလေးမြင်လို့ သနားပြီး မသတ်ရင်နည်းလား

အပိုဆုအနေနဲ့ သွားလေးဖြဲပြီး ပြုံးပြလိုက်သေးတယ်

ဂီး....

Jm အပြုံးကို မြင်လိုက်တဲ့တခန မှာတော့ ဇာတ်လိုက်တို့အကုန်လုံးငြိမ်ကျသွားတယ်

Jm တစ်ယောက် ကိုယ့်ကိုယ်ကို ဂုဏ်ယူနေတုန်း ဇာတ်လိုက်အဖွဲ့ထဲက အသက်ငယ်ငယ်ကောင်လေး ပြောလိုက်တဲ့စကားကြောင့် ကိုယ်ဘာသာကိုယ် ဖြတ်ရိုက်ချင်စိတ်ပေါက်သွားတယ်

အဲ့ကောင်လေးပြောလိုက်တာက.............

" ခေါင်းဆောင်.....ဒီတစ်ကောင်က တော်တော်ဆိုးမယ်ထင်တယ်၊ ကျွန်တော်တို့ကို မာန်ဖီနေတယ်။ တစ်ခါတည်းသတ်လိုက်ရမလား "

System13Where stories live. Discover now