Arc2.5

3.4K 296 31
                                    

Zawgyi

Jk တစ်ယောက် ဦးရီးတော်က ဆောင်ကြာမြိုင်သွားတယ်ဆိုလို့ ဒေါသထွက်ပြီး မျက်လုံးများပင်နီရဲနေသည်။

ဟိုရောက်တော့ ဦးရီးတော်ရဲ့ အခန်းကို ဂေဟာပိုင်ရှင်ဆီ မေးလိုက်ပြီး အခန်းတံခါးကို ခြေထောက်နဲ့ ကန်ဖွင့်လိုက်သည်။

ဝုန်း❗❗❗

မြင်လိုက်ရတဲ့ မြင်ကွင်းက လူသတ်ချင်စိတ်ပေါက် လာသည်။ဦးရီးတော်က မိန်းမတစ်ယောက် အပေါ်မှာ......

ဦးရီးတော်😠😠

Jk လည်း jm ဆီအမြန် လျှောက်သွားပြီး ပုခုံးပေါ်ပွေ့တင်လိုက်သည်။ jm ကရုန်းနေသောကြောင့် တင်ပါးကို နှစ်ချက်လောက်ဆင့်ရိုက်ပေးမှ ငြိမ်ကျသွားသည်။

ဦးရီးတော်ကလေ ကျွန်တော်ငယ်ငယ်တည်းက ဒီအရွယ်ပဲ ကြီးကိုမလာဘူး။ အဟမ်း........
ကိုယ်လုံးကိုယ်ပေါက်ကို ပြောတာနော်။ ခင်များတို့ မှောင်မနေကြနဲ့။

Jk တစ်ယောက် ဦးရီးတော်ကို ပွေ့ချီလာရင်း တည်းခိုခန်းတစ်ခုကို ငှားလိုက်သည်။ငှားထားတဲ့အခန်းထဲရောက်တော့ ဦးရီးတော်ကို ကုတင်ပေါ်ပစ်ချလိုက်သည်။

Jm: အား.......kookie မင်းဘာလို့ ဦးရီးတော်ကိုပစ်ချ..........ချ.......

Jm တစ်ယောက် လက်ညှိုးတစ်ထိုးထိုးနဲ့ jk ကိုပြောနေတုန်း jk ကိုကြည့်လိုက်တော့ မျက်နှာကြီးနီရဲနေပြီး အံကြိတ်ထားပုံက ကျက်သီးထ စရာကောင်းသည်။jm တစ်ယောက်ပြောမယ့် စကတွေပင် လေထဲပျောက်သွားတယ်။ တံတွေးမြိုချရင်း....

" အဲ့ဒါက kookie အထင်လွဲတာပါ " ဆိုပြီး
အစအဆုံးရှင်းပြလိုက်လေသည်။

အဲ့ဒါမှ jk က

Jk: အဟင့်.......အီး.......ဦးရီးတော်က kookieလေး ​ကို မချစ်တော့လို့ အဲ့နေရာကိုသွားတယ်မှတ်နေတာ။

Jm: အိုက်ဂူး......ဦးရီးတော်က kookie လေးကို မချစ်လို့ ဘယ်သူ့ကို ချစ်ရမှာလဲ။ တိတ်တော့နော်.....

Jk: နောက်တစ်ခါကျရင် အဲ့နေရာတွေမသွားနဲ့နော်။

Jm: အင်း..အင်း မသွားတော့ဘူးနော်

Jk: ဦးရီးတော် မိန်းမလည်းမယူရဘူးနော်

Jm: ဟင်

System13Where stories live. Discover now