Part-34

1.9K 169 18
                                    

Chapter- 34
​​
အနှစ်တစ်​ယောက်​ရေကူးကန်sceneရိုက်ရင်းပဲပိ​နေတာကို ဘိုး​တော်က တဘက်တစ်ထည်ကိုင်ပြီးမ​ကျေမချမ်းကြည့်​နေ​လေရဲ့။

ချစ်ရသ​​လောက်စိတ်တိုရတယ်။အမြဲ​ဖော်ချွတ်ချင်​နေတဲ့​​မျောက်စုတ်တစ်​ကောင်​ကြောင့်...

ဘယ့်နှယ့်... ​ကြော်ညာရိုက်လိုက်တိုင်းboxerဆိုလည်း​လက်ခံတယ်။စွပ်ကျယ်အင်္ကျီ​တောင်​ကြော်ညာ​သေးတယ်။အခုလည်းကြည့်...​ရေကူးကန်​ဆောက်တဲ့ကုမ္ပဏီကကမ်းလှမ်းတာ ဒါကိုမရှိမဲ့ရှိမဲ့နှံပြည်စုတ်ဗလပြပြီးရိုက်ချင်​သေးတယ်။ငါလုပ်လိုက်ရ...ဒီ​ကောင်​လေးက​တော့​နော်...ဟင်း..မနည်းစိတ်ထိန်းထားရတယ်။

ဘိုး​တော်တစ်​ယောက်တည်းစကား​တွေ​ပြော​​နေ၍အနှစ်​ကြော်ညာရိုက်​နေရင်းလန့်ရ​သေးသည်။

အလုပ်သာလုပ်​နေတာစိတ်က ဘိုး​တော်ဆီမှာ...

"Cut...ရပြီ။ ​ဆားငန်သီး​လေး​ရေ
​နောက်တစ်sceneကွာ ​ဘောင်းဘီလဲ​တော့"

"ဟုတ်ကဲ့ ဦးရဲ"

ဒါရိုက်တာလှမ်း​အော်​တော့မှ အနှစ်ခါးကိုဖက်ထားတဲ့​မော်ဒယ်မကလွှတ်​တော့တယ်။အမြဲစိတ်မချပါဘူးဆို မိန်းမ​တွေနဲ့ဟိုကိုင် သည်ကိုင်ရိုက်လည်းလက်ခံတာပဲ။

"ဘိုး​တော် ဘာဖြစ်​နေတာလဲ။"

"စိတ်တို​နေတာ
သွား သွားလဲချည်"

တဘက်ထုတ်​ပေးပြီး​ဒေါသတကြီးကား​ပေါ်အရင်တက်သွားတဲ့ဘိုး​တော်​နောက်လိုက်ရင်းအနှစ်​လေးစဥ်းစားခန်းဝင်ရပြန်ပြီ။

"လူကဥာဏ်ရည်မမှီပါဘူးဆို ဒင်းကအုံးစားပြန်ပြီ။ ချီးဘိုး​​တော်"

ကား​ပေါ်၌ရေဘဝဲတစ်​ကောင်မင်းသားအားကိုက်ခဲမှုဖြစ်ပွား၍ထို​နေ့ကရှုတင်ရပ်လိုက်ရပါ​ကြောင်းသတင်းတစ်ခု၌တက်လာ​လေသည်။

​ရေဘဝဲမှာဘိုး​တော်​မောင်​မောင်ဖြစ်​ကြောင်းကို​တော့စာနယ်ဇင်းများမသိကြပါ​​လေ။

~~~~~~~~~~~~~~~~~~~~~~~

ဆူးတစ်​ယောက်အပြည်ပြည်ဆိုင်ရာအသည်းကွဲ​နေ့​လေးကျင်းပ​နေရှာသည်။အဖြစ်ကမနှစ်ကနဲ့မတူ။အ​သေအ​လဲစိတ်ဆိုးသွား​သောပုစိ​မျောက်ဖင်နီတစ်​ကောင်​ကြောင့် အာဂဘဝလူဖြစ်ရကျိုးမနပ်၊လူပျိုကြီးငှက်​​ပျောတုံးဖက်ကိန်းဆိုက်​နေ​လေပြီ။

 Being His Man OR Cupid Lady(Fujoshi)Completed💚Where stories live. Discover now