Part-24

1.8K 175 12
                                    

Chapter-24

ဇာမဏီက သူကိုယ်တိုင်သာလက်ကြမ်းကြီးနဲ့​နေရင်​နေမယ်။​ယောကျာ်းလုပ်သူကိုကျ ​ခြေဖဝါးကအစ နုဖပ်​အောင်ထားတာမျိုး...

အခုလည်း​ခြေသည်းညှပ်​ပေး​နေတာများ ​သေချာဂရုတစိုက်​လေးနဲ့ အသားမထိ​အောင်လုပ်​ပေး​နေတာ လက်သည်းညှပ်ကအစ တံဆိပ်​ကောင်း​ကောင်းသာ​ရွေးသည်။ ဘဲဘဲအတွက် ရှာသမျှက ​နေ့စဥ်သုံးမှန်သမျှတကယ့်Branded​တွေချည်း။

ဆိုဖာပေါ်က​မောင့်မှာမြတ်နိုးစွာငုံ့ကြည့်​နေသည်။ကြမ်းပြင်​ပေါ်မှာဒူး​လေး​ထောက်ပြီး ​ခြေ​ချောင်း​ဖွေး​ဖွေး​တွေကိုအာရုံစူးစိုက်​နေတဲ့သူ့ရဲ့တစ်ဦးတည်း​သောလူဆိုးဗိုလ် မာဖီးယား​လေးကို​ပေါ့။သူ့ထက်သာ၄နှစ်ကြီးတာ...
အမြဲသူပဲ​ချော့ရ ​ခြောက်ရနဲ့။

က​လေးယူဖို့လည်းတစ်ခွန်းမဟဘူး။ပါးပါးကိုလည်းဇာမဏီ့ကိုအသိမ​ပေးခိုင်းဘူး။ခန့်သျှားအတွက်အချိန်လိုတယ်။Bisexualတစ်​ယောက်က ​ယောကျာ်းယူပြီးက​လေး​မွေးဖို့ဆိုတာ သူ့အတွက်အ​တော်အတန်​တော့ခက်ခဲတာအမှန်။

ချစ်ပါတယ်။မာနတရားကခံ​နေတယ်။
မင်းသာဖြစ်ရင် ကိုယ့်အတွက်ကျန်တာအ​ရေးမကြီးဘူးမှန်​ပေမဲ့ တချို့​သောကိစ္စရပ်​တွေကလိုက်​လျောဖို့ခက်တယ်။

မချစ်လို့​တော့မဟုတ်​ပေမဲ့လို့...

ဇာမဏီ ငြိမ်​နေတဲ့​မောင့်ကိုအသည်းယားတာနဲ့​ခြေဖဝါးကိုကလိထိုးလိုက်တယ်။

​"​မောင် ယားတယ် ဟားဟား ဖြည်းဖြည်းကွ"

"အသားစိုက်သွားမယ်ငြိမ်ငြိမ်​နေ ​မောင်..."

​ခြေသည်း​လေး​တွေတိ​ပေးပြီးမှ​​ခြေကျင်းဝတ်ကိုပါအ​ညောင်း​ပြေ​လေးနှိပ်​ပေးလိုက်သည်။

​ဖျောက်.. ​ဖျောက်...

"​ခြေဆစ်ချိုးခံရတာ သဘောကျတယ်။အ​ညောင်း​ပြေသွားတယ် အ...ဖြည်းဖြည်း​လေးချိုးပါကွ မင်းလက်ကလည်း"

"အွန်း...ငါက​သေနတ်ကိုင်လိုက် ဓါးကိုင်လိုက်မို့ လက်​တွေကသိပ်​တော့မနူးညံ့ဘူး "

"​နေ​ပေါ့ လက်ကြမ်းလည်းကိုင်မှာပဲ။အဲ့လက်​လေး​တွေပဲကြိုက်တာ မွမွ..."

 Being His Man OR Cupid Lady(Fujoshi)Completed💚Where stories live. Discover now