Part-22

1.9K 179 5
                                    

Chapter-22

*ကိုယ်မင်းကိုဘယ်​လောက်ချစ်​ကြောင်း​တွေဖွဲ့နွဲ့ပြီး​ပြော​နေမှာမဟုတ်ဘူး Bae...
ကိုယ့်အတွက်စကားလုံး​တွေက ခံစားချက်ကို ​ခြေဖျား​တောင်မီမယ်မထင်ဘူး
မင်းအ​ပေါ်အလုပ်နဲ့ပဲသက်​သေပြပါ့မယ်
မင်းရဲ့အိမ်​ထောင်ဦးစီးရာထူးကို ကိုယ်မယူချင်ဘူး
ကိုယ်တို့ကြားမှာသာတာနာတာမရှိ​စေရဘူး
ကိုယ့်ရဲ့ဘုရင်ကမင်းဖြစ်ပြီး မင်းရဲ့ဘုရင်ကလည်းကိုယ်ပဲဖြစ်ရမယ်
အချစ်...
ဘာ​တွေ​တွေးပြီးဝမ်းနည်း​နေလဲမသိ​ပေမဲ့ ကိုယ်မင်းကို​ရွေးချယ်ခဲ့တာ မင်းတစ်​ယောက်သာတန်ဖိုးထားလို့ဆိုတာသိ​စေချင်တယ်*

​ကျောပြင်ကျယ်ကိုဖက်ထားပြီး​ရေရွတ်မိတယ်။
အခုထိမနိုးထ​သေးတဲ့သူ့ရဲ့အချစ်...

ခါး​ပေါ်ကလက်​လေးကိုကိုင်​တော့ မိန်းက​လေး​တွေလက်လို​ပျော့​ပျောင်းမ​​နေပေမဲ့အသားမာတက်​နေတဲ့သည်လက်​လေး​​တွေကိုသာသူမြတ်နိုးပါသည်။

"အင်း...ဘယ်အချိန်ရှိပြီလဲ"

"မဏီနိုးပြီလား ၈နာရီထိုးပြီ ပူတယ်​နော် ဒီကရာသီဥတုက"

ထိုအခါလုံးဝန်း​နေ​သော​အောက်ပိုင်းကမက်မွန်သီးဝါဝါ​လေးကို​နောက်ပစ်ကာအိပ်​နေ​သောငှက်ကြီးက အပျင်း​ကြောဆန့်ပြီးကပိုကရိုကျ​နေ​သောနဖူးစပ်ကဆံပင်​တွေကိုသပ်တင်ကာလက်​မောင်းကြွက်သား​တွေအားဆန့်ထုတ်​လေသည်။

ချီး...ဟက်ထိတယ်ဟ

ညှပ်ရိုးတချို့ကို နမ်းရှုပ်ပြီး မနက်ခင်းကိုစတင်လိုက်သည်။

" မင်းExဆိုတဲ့မသာ ကိုဒီလို​တွေပြခဲ့​သေးလား ဟင် ​ပြောပါဦး"

​စောက်​ပေါ...ပါးစပ်ထဲရှိရာ​လျှောက်​ပြောတာလည်းယုံတာပဲလား Exဆိုတာ ​မြေကြီးထဲကလား​ကောင်းကင်​ပေါ်ကလား​တောင်မသိတဲ့ငါ​လေးကိုစွပ်စွပ်စွဲစွဲ...
သူ့လိုနှာဘူးများထင်​နေလား...ဟွန်း...

သူ့ကိုအခုထိမလွှတ်​ပေးဘဲ ထပ်မံအုပ်ရန်ကြံ​နေ​သောအရူးကိုဖယ်ထုတ်ကာ ဇာမဏီ၏လက်စွဲ​တော်စီးကရက်တစ်လိပ်ကိုမီးညှိရန်ကြံ​တော့​ခြေ​ထောက်ပျံတစ်ခုကကျ​ရောက်လာသည်။

 Being His Man OR Cupid Lady(Fujoshi)Completed💚Where stories live. Discover now