45-Really Finale Extra🛫🚁

2.3K 122 39
                                    

Unicode

"မင်းဒယ်ဒီဘယ်လို​နေလဲ သား"

"အ​ခြေအ​နေ​ကောင်းတယ် ​ဖေ...
ယိုယိုနဲ့​ဆော့​နေတယ်။ သားကို​တော့ ဂိုဏ်းက ​ကောင်​လေးတစ်​ယောက်လို့ထင်​နေတုန်းပဲ။"

"​အေး... ဒါဆို ​ဖေ ခဏ​နေမှပြန်လာခဲ့မယ်​နော်
​​ဆေးတိုက်ချိန်ကျရင် ထပ်​သောင်းကျန်း​သေးတယ်မလား။"

"ဪ အဲ့ခါကျလည်း အမှုန့်​ခြေ အ​အေးထဲ​ဖျော်ပြီးတိုက်ရင် ဘာသိတာမှတ်လို့ ​ဖေ မလာလည်းရပါ့။"

"​ခွေး​ကောင် ငါ့​ယောကျာ်းကိုလူလည်ကျတယ်"

တစ်ဖက်ကရယ်သံထွက်လာပြီးဖုန်းချသွားတယ်။
၁၂ထပ်အမြင့်မှာရှိတဲ့မှန်ပြတင်းက​နေ ည​နေဆည်းဆာကိုကြည့်ရင်း CEOကြီး ခန့်သျှားတစ်​ယောက် အိမ်ကလူကိုလွမ်း​နေပြန်တယ်။

"ဟာ​... ​​ယောက်ဖ... ဘယ်သူ့လွမ်း​နေပြန်ပြီလဲ။မှန်မှန်​ပြောစမ်း"

"ဘယ်သူရှိရမလဲ။မင်းအစ်ကို​ပေါ့"

Eagleဝင်လာ​တော့ အတွင်း​ရေးမှူးက ​ကော်ဖီချ​ပေးရင်း ဒီ​နေ့အတွက်လုပ်ငန်း​ဆောင်တာတွေ သိပ်မကျန်​တော့​ကြောင်း​ပြော​နေတယ်။

အလုပ်တစ်ဖက်နဲ့ပဲ ​ယောက်ဖလုပ်သူကိုဧည့်ခံရပြန်တယ်။

"​ဆေးရုံရက်ချိန်း လို​သေးလား။"

"အင်း ၃၀ရက်​နေ့မှ... အခုမှ ၂၂ပဲရှိ​သေးတာ​လေ"

"ငါ့​တောင်မမှတ်မိဘူးကွာ။ ဘယ်ကလူကြီးလဲဆိုပြီး​အော်ထုတ်တာများ"

ဟာသ​နှောပြီး​ပြော​နေ​ပေမဲ့ တကယ်တမ်းသူတို့​ပျော်မ​နေမှန်း​ခြောက်ကပ်ကပ်ရယ်သံ​တွေကအသက်ပါပဲ။

"​ဆေး​တွေ​သောက်ရတာမနည်းဘူး။သူတစ်ခါ ​ဆေးမျိုချရင် တစ်ခါအန်တယ်။ ငါလည်းသနားမိပြီးဆက်မတိုက်ဖြစ်မှာစိုးတာနဲ့ သား​ပေါင်ကပဲတိုက်​နေရတာ... သူ့သားတိုက်ရင်ကျဝင်တယ်။"

"မင်းစ​ပြောတုန်းကငါယုံ​တောင်မယုံနိုင်ဘူး။
မင်း​ရော ငါ့ပါ ​မေ့သွားမှ ယုံလိုက်ရတာ...
​စောက်ကံကြမ္မာက ငါ့အစ်ကို ကို ​ကောင်းကျိုးကိုမ​ပေးဘူး။ ​တောက်!!!"

 Being His Man OR Cupid Lady(Fujoshi)Completed💚Where stories live. Discover now