Part-4

6.3K 562 51
                                    

Chapter- 4

*Mafia-stalker*

​​
​​တောက်​တောက်​လေးတအား​တွေငိုချင်​​နေပါပြီ​ရော်...

ဟိုမသာကြီး​လေ ရင်ဘတ်ဟပြဲကြီးနဲ့ ကြယ်သီးလည်းအပြည့်မတပ်ဘဲအမြဲတက်တူး​တွေ​ဖော်ပြ​နေတာ စိတ်ပျက်စရာ ဂျ​လေဘီတစ်တီတူးရုပ်...

​နောက်က​နေတ​ကောက်​ကောက်လိုက်​နေတာများ လမ်းထဲက​အောင်နက်လို...
သူနဲ့ကွာတာဆိုလို့အမြီးပါတာနဲ့မပါတာဘဲရှိလိမ့်မယ်

ဘာလို့လဲ။ငါ​လေးက​သောက်ရမ်း​ချော​နေလို့လား
​အေး​ပေါ့​လေ ဒါ​ကြောင့်လည်းသူလက်လွတ်မခံနိုင်တာ​ပေါ့

ဟိုတယ်မှာလာတည်းတဲ့သူဆို​တော့လည်းငြင်းလို့ကမ​ကောင်း...

အဓိကတရားခံကဗိုလ်ဗိုလ်မ...
အဲ့​နေ့က ​ဖေ​ဖေတို့ပြန်​ရောက်လို့အိမ်ပြန်ပြီးနှပ်လိုက်တာည​နေ​စောင်းမှနိုးတယ်

သူလည်းဟိုတယ်လာ​တော့မိဗိုလ်က ကို​တောက်ဧည့်သည်ဆိုလို့ ဘယ်က​မော်ဒယ်မလေးလည်းမှတ်တယ်။လမ်းသရဲကြီး...

စိတ်​လေပါတယ်။ငါ​လေးကstraightဟဲ့...

အခုလည်းကြည့်။လူကိုအနားဆွဲ​ခေါ်ထားပြီးအ​ရည်မရအဖတ်မရ​တွေ​ပြော​နေတာ

ထမင်းစားပြီးပြီလားတဲ့
အီးပါပြီးပြီ လို့​​ဖြေလိုက်တယ်မှတ်က​ရော

ဘိုး​တော် ရုပ်က ကိုယ်ဝန်သည်အန်ချင်​နေတဲ့ရုပ်

"စားဦးမလား"

"အဆိုး​လေးပဲဝ​အောင်စားပါ"

"ဘာဗျ ​သေချင်​နေလား ခင်ဗျား"

သူ့ကို​ဆောင့်ဆွဲပြီးထိုးမယ်လုပ်​တော့လည်းငြိမ်​နေ​လေရဲ့။မနာတတ်ဘူးလား အရူးကြီး

"အသဲ​လေး မင်းကို ကိုယ်​ပြောစရာရှိတယ်'

"ဘာလဲ​ပြော"

"အခန်းထဲမှာသွား​ပြောရ​အောင် နှစ်ကိုယ်ကြား​ပြောရမှာTop secret"

စပ်စုစိန် နား​လေးက ယုန်​နားရွက်​လေးလို​ထောင်လို့...

သိချင်​နေပြီ။​စောက်ရစ်ကလာရှည်​နေ​သေး။

"ဘာလဲ ဒီမှာပဲ မြန်မြန်​ပြော "

 Being His Man OR Cupid Lady(Fujoshi)Completed💚Where stories live. Discover now