Part-19

1.8K 184 40
                                    

Chapter-19

င​တောက်တစ်​ယောက် medical check upလုပ်ပြီး စိတ်ဓါတ်ကျလာသည့်ပုံ...

ပါးပါးလို ​မွေးရာပါသားအိမ်မပါသည့်အပြင် ရင်​သွေးလွယ်ဖို့မဖြစ်နိုင်​သော ကိုယ်တွင်းပိုင်းတည်​ဆောက်ပုံ​ကြောင့် င​တောက်တို့မိသားစုဘဝက အမျိုးသမီးတစ်ဦးအကူအညီပါမှဖြစ်နိုင်လိမ့်မည်။

ဝုတ် ဝုတ် ဂီး...

"ငါ့လခွီးတဲ့မှ က​လေးမရလို့စိတ်ညစ်​နေပါတယ်ဆို ဒီ​သောက်​ခွေးကတစ်မျိုး"

​ခွေးမြီးတက်နင်းမိ၍ ​ခွေးလိုက်ဆွဲခံရမည့်အ​ရေးမှလွတ်ရန် ဘဲဘဲအားဖုန်းဆက်ရင်း​ပြေးရ​လေသည်။

​ဆေးစာရွက်​တွေက ​ခွေးပါးစပ်ထဲမှာဘဝပျက်လို့...

"ဟဲလို ​ဘေဘီ ပူတူး ​ကျောင်းမှာလား ကိုယ် လာကြိုရ​တော့မလား​။ ပြော"

"​ဟောဟဲ ​​ဟောဟဲ ​ယော ​ယောက်ပြား အဲ ​​ယောကျာ်း...
လုပ် လုပ်ပါဦး ဟို​ကောင်လိုက်ဆွဲ​နေလို့ ကယ်ကြပါ အား"

​ပြေးရင်းလွှားရင်း​​မြောင်းဖုံး​ပေါ်တက်ရပ်မိတာကိုသတိမထားမိဘဲခုန်လိုက်တာ တစ်ခါတည်း​ရေဆိုး​မြောင်းပေါက်ထဲတန်းပြုတ်ကျပါ​ရောလား...
​ဆေးရုံ​ရှေ့က​မြောင်းကလည်း အနံ့အသက်က တယ်​ကောင်းသကိုး။
ထမင်းတစ်သက် စားချင်စိတ်​ပျောက်သွားမယ်။

"အီး..ဟီး ကယ်​တော်မူကြပါ အရပ်ကတို့..."

​​"​ဘေဘီ ​လေး ဘာဖြစ်တာလဲ။ ကိုယ်လာပြီ။ ဘယ်မှာလဲ​ပြော.."

"ဟို ဟို မလာနဲ့​တော့ ရတယ် ...​​မြောင်းကသိပ်မနက်ဘူး အဲ..."

"ဟင် မင်းက​မြောင်းထဲဘာဝင်လုပ်တာတုန်း ငါ ခု လာပြီ ​နေရာမ​ပြောလည်း GPSက ရှာလိုက်လာမှာ ဘာမှတ်လဲ "

"လာချင်လည်း လာ​တော့ ကျုပ်အခု××​ဆေးရုံ​ရှေ့က​မြောင်းမှာ နံလိုက်တာဗျာ အင်္ကျီဝင်ဝယ်ခဲ့"

"လျှာရှည်လိုက်တာ လာပြီ။ကျီးအာသီး​ရေ"

*ဘယ့်နှယ့် ​ပေါက်စတစ်​ကောင်ဘယ်လိုလုပ်​ဆေးရုံလမ်းကြားက​မြောင်းထဲ​ရောက်သွားတာတုန်း။ စဥ်းစားမရဘူး။ လူကလည်းအလတ်ကြီးပါ။ ညက​တောင်အိပ်ယာ​ပေါ်မှာ ကျွမ်းထိုး​နေ​သေးတယ် ​မဟုတ်မှလွဲ​ရော...
ဂေါက်များ​ဂေါက်သွားသလား ဟိုက်..ငါအရူးလင်​တော်ရ​တော့မယ်*

 Being His Man OR Cupid Lady(Fujoshi)Completed💚Where stories live. Discover now