41-Extra or not❤

2.4K 168 41
                                    

Chapter-41

​ပြောမဆုံး​ပေါင်​တောသုံး​ထောင်ဆိုတဲ့အတိုင်း Falconတို့အိမ်​လေးကတစ်​နေ့တစ်မျိုးရိုးရတယ်ကိုမရှိ။အ​ကြောင်းကစိတ်​ဖောက်​နေသလားထင်ရတဲ့အတွဲနှစ်တွဲ​ကြောင့်ဆိုလျှင်မမှားပါ။တည့်ရင်လည်းသူတို့အပြင်မရှိသလို မျက်စိ ရှိသမျှအ​မွေးစူးရ​အောင်နန့်ကြပြီး သတ်ပြီ​ဟေ့ဆိုရင်လည်းအိမ်ကတုတ်၊ဓါးလက်နက်အစုံရှိသမျှမ​​နေရ။ ​တော်ကြာ​နေ ဒယ်ဒယ့်ဂိုဏ်းကမဖြုတ်ရ​သေးဘဲလက်နက်ကိုင်ရမ်းကားတယ်လို့ပတ်ဝန်းကျင်ကထင်မည်စိုး၍​ဖြေရှင်းရတာအခါခါ...

မိုးစိုလာသည့်Pကိုထီးမိုး​ပေးကာနှစ်​ယောက်သားအိမ်ထဲဝင်​ပြေးကြသည်။
ဒီ​နေ့ငါးကန်သွားဝယ်တာငါးမရ​ရေချိုးပြန်ဆိုသလိုဖြစ်သွားရသည်။

"P ရရဲ့လား။"

"​အေး မင်းဟာ​လေးမလာ​သေးဘူးလား။ငါးကန်မရဘူး လှမ်း​ပြောလိုက်"

"အင်း အင်း ငါ​ပြောလိုက်မယ်။မင်းဆံပင်​တွေသုတ်ဦး"

ခွဲစိတ်ပြီးတည်းက​ထပ်မညှပ်​တော့​သောဆံပင်​တွေက​ကျောလယ်ထိရှည်လာ၍တစ်ပတ်လျှို ဆံထုံးနှင့်​နေတတ်​သောPက ​ရေစို​နေ​သောတီရှပ်အဖြူမှာတက်တူးစိုစို​တွေနှင့်ဆံထုံး​လေးနှင့်ပနံသင့်လှသည်။မိန်းမ​တွေလိုလှတာလည်းမဟုတ်။​ယောကျာ်း​တွေလိုခန့်ညားတာချည်းပဲလည်းမဟုတ်။Pကသူ့ဟာနဲ့သူ​တော့ပြည့်စုံသည့်လူသား​လေးပင်။

"ရီဥဥ ဘာလုပ်​နေတာလဲ။ဒါ"

"အာ... က​လေး...
ကိုယ်တို့ငါးကန်သွားဝယ်တာ မရခဲ့လို့
မင်းလိုချင်တဲ့ဒီဇိုင်းရှာမရဘူး"

"ဘယ်သူကဝယ်ခိုင်းလို့လဲ။ကိုယ့်ဘာသာမှန်​တွေဝယ်ပြီးလုပ်မှာပါဆို။ ဒယ်ဒယ် ​ရော့ သား ဂျာကင်ခြုံထားလိုက် ​"

​ရေစို​နေ​တော့မြင်​နေရသည့်အထဲကအရာ​တွေကို ​ဖေ မ​ပြောနှင့်။သူတို့​တောင်သဝန်တိုပါသည်။ရည်းစားကရည်းစား။ဒယ်ဒယ်က​တော့သူတို့အ​ဖေမို့ တစ်ခုခုဆို ဒယ်ဒယ့်ကိုသာကာကွယ်​ပေးမည်။

"သား ဒယ်ဒယ်​နောက်မှရှာ​ပေးမယ်​နော်။ဟို​ကောင်​ရော"

"မုန့်စားမလို့တဲ့။စတိုးဆိုင်သွားတယ်။သားက E-bookရှာ​နေလို့ကြာသွားတာ"

 Being His Man OR Cupid Lady(Fujoshi)Completed💚Where stories live. Discover now