Part12👻

3.3K 272 21
                                    

Chapter-12

Halloween day

Trick or Treat
Choose one bite,bae
I need your warmth.

Oh! Darling
I'm your pumpkin
As your wish.

****************

ထိုင်ဝမ်သို့​ရောက်ရှိ​နေ​သောဇာမဏီတစ်​ယောက် ရည်းစား​ဆိုးလေးကိုသတိရ​သော်လည်းအလုပ်ကိစ္စအပြင်ဂိုဏ်း​မှောင်ခိုလုပ်ငန်းစပ်တူလုပ်ကိုင်သူက သား​ရေးသား​ရေး​ဆွေး​နွေးချင်​နေ၍မနည်း​ရှောင်​ပြေး​​နေရသည်။
ရှုပ်သွားသလား။
သား​ရေးသမီး​ရေးမဟုတ်ဘဲသား​ရေးသား​ရေးပါ
ချုံးရီလင်းဆိုတဲ့ ဘိုး​တော်ကဇာမဏီ့လုပ်ရည်ကိုင်ရည်ကိုသ​ဘောကျ၍သမက်​တော်ချင်​သော်လည်းသူ့မှာသားသာရှိသည်။ထို့​ကြောင့်ရှိတဲ့သားကိုဖြတ်သင့်တာဖြတ်ပြီး​ပေးစားရမှာပင်။

သူတို့​လောကကအပြိုင်အဆိုင်များသည်မ​ဟုတ်​​လော...

"​​မောင်ရင် အဆင်​ပြေရဲ့လား ခုတ​လောဘာကြား​သေးလဲ"

"ဘာမှမကြားဘူး နားကိုက်​နေလို့"

အဘိုးကြီးအူလည်လည်ဖြစ်သွား​​လေပြီ။
ဇာမဏီသည်နှမ်းဖတ်ချဥ်မဟုတ်။
သူ့သမက်ဖမ်းချင်​နေမှန်းသိသားပဲ။
တမင်ခပ်ခွာခွာ​နေတာ
Covidကူးမှာ​ကြောက်လို့။

"ဒီညပါတီရှိတယ်​နော်။လာဖြစ်​အောင်လာပါ"

"အန်ကယ် ကျွန်​တော် ဘာမှမကြားရဘူး
တကယ်မကြားရဘူး
နားထဲ​ယင်​​ကောင်​တွေချီးပါချ​နေသလိုပဲ
ယွစိယွစိနဲ့"

ချုံးရီလင်းတစ်​ယောက် စိတ်​တွေတိုကာ ရှူးဒိုင်းဖြစ်ပြီးအံကြိတ်ကာတုတ်​ကောက်ကြီးနှင့်ကြမ်းပြင်ကို​ရိုက်ချလိုက်သည်မှာအသံအကျယ်ကြီးပင်ထွက်လာသည်မို့ ဇာမဏီအသည်းငယ်ပြီးလန့်ခုန်ရ​သေးသည်။

"အ​ဖေ ​ Pကိုဘာ​တွေ​ပြော​နေတာလဲ။
သားနဲ့လည်းစကား​ပြောခွင့်​ပေးပါဦး"

အရှုပ်ထုပ် ဗုတ်တလုပ် ချီး​ပေ သိန်း​​ဖေ မဟုတ်​သော ချုံးရီလန်း ချုံးရီလင်း၏သား
ဆိုး​ပေ ဂျပိုး ကြွက်စုတ် လူလည်ပတ်ကား
ဓါတ်တိုင်​​သေးပန်း လူမိုက် ​ခွေးစုတ်
ဂုဏ်ပုဒ်​တွေကမကုန်နိုင်။
ရုပ်ရည်​လေးကလည်း​ချောရှာ​ပေမဲ့ သွား​လေးမဆိုသ​လောက်​ခေါ​​နေတာမျိုး...
လက်​လေးမဆိုသ​လောက်​ကောက်​နေတာမျိုးစသဖြင့် ကြည့်​​ကောင်းလှသည်။
အဘိုးသ​ဘောတူထား​သော ထိုင်ဝမ်သားအဖပဲပုတ်တွေကိုကြည့်ပြီးဇာမဏီစိတ်​လေရသည်။

 Being His Man OR Cupid Lady(Fujoshi)Completed💚Where stories live. Discover now